Friday, January 15, 2010

ဆရာတော်အား ဤ Topic ဖြင့် ပူဇော်ကန်တော့ပါသည်ဘုရား

ဆရာတော်အား ဤ Topic ဖြင့် ပူဇော်ကန်တော့ပါသည်ဘုရား .

* Posted by sysfotech on January 14, 2010 at 9:29pm
* View Discussions


ဆရာတော်ဟာ ကျမ်းကြီးကျမ်းခိုင် ၆၃ ကျမ်းကိုရေးသားပြုစုခဲ့ပါတယ် ..
အဲဒီထဲက လူပုဂိုလ်တွေအတွက်ရေးခဲ့တဲ့ကျမ်းတွေထဲမှာ ..
ရတနာ့ဂုဏ်ရည် ..
ကိုယ်ကျင့် အဘိဓမ္ဓာ ..
အနာဂတ် သာသနာရေး ..
ဘာသာသွေး .. စသည့် ကျမ်းတွေဟာ ထင်ရှားလှပါတယ် ..
သံဃာတော် တွေအတွက် ဆရာတော် ရေးခဲ့တဲ့ကျမ်းတွေဟာလည်း ယခုထက်ထိတိုင် စာသင်တိုက်ကြီးတွေမှာ သင်ရိုးအဖြစ်တည်ရှိနေကြပါတယ် .. ဒါကြောင့်ဆရာတော်ရဲ့ကျေးဇူးတွေဟာ လူတွေအပေါ်မှာကော သံဃာတော်တွေအပေါ်မှာပါ များပြားလှပါတယ် ..
ဆရာတော်၏ ပထမဆုံး စတင်ထုတ်ဝေသည့် ကျမ်းစာဖြစ်သော ရတနာ့ဂုဏ်ရည် ကျမ်းစာအုပ်တွင် .. ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ဤကဲ့သို့ ရှင်းလင်းပြက်သားစွာ စတင်ဖွင့်ဆိုထားသည် ..

ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့် ...
သဗ္ဗညုတဘုရားရှင်ကို ဗုဒ္ဓ ဟုခေါ်၏ .. ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို ဗုဒ္ဓဘာသာ ဟုခေါ်၏ .. ထိုဗုဒ္ဓရှင်တော်မြက်၏တရားတော်အတိုင်း လိုက်နာသူကို ဗုဒ္ဓဘာသာဝင် ဟူ၍ခေါ်၏ .. ထိုဘာသာဝင်ဖြစ်လိုသူ (သို့) ဖြစ်နေသူသည် ဗုဒ္ဓ .. ဓမ္မ .. သံဃ (ဘုရား .. တရား .. သံဃာ) ရတနာမြက် ၃ ပါး၏ အကြာင်းအရာကိုကောင်းစွာနားလည်ရမည် .. ထိုသို့နားလည်ပြီးနောက် ထိုရတနာ ၃ ပါးကို မိမိယုံကြည်သလား .. မယုံကြည်ဘူးလားဟု စဉ်းစားထိုက်၏ .. မယုံကြည်ယင် ဗုဒ္ဓဘာသာဝင်ပါ ဟုပြောနေသော်လည်း ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်သေးပါ .. ယုံကြည်ယင်ကား ဗုဒ္ဓံ .. သရဏံ .. ဂစ္ဆာမိ စသော သရဏဂုံ ၃ ပါးဆောက်တည်ရ၏ .. ထိုအခါမှ ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်၏ ..

ပညာဗုဒ္ဓဘာသာဝင် ...
ထိုဗုဒ္ဓဘာသာဝင်တို့တွင် ဥာဏ်နှင့်ယှဉ်၍ နစ်နစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကို ကိုးကွယ်ရာ၌ သက်တော်ထင်ရှား မြတ်ဘုရားကိုစိတ်ထဲ၌ ထင်လာမြင်လာအောင် ကိုးကွယ်သည့်အပြင် .. ရုပ်ပုံစေတီတော်များကိုလည်း (ရွှေရှိသည်ဖြစ်စေ .. မရှိသည်ဖြစ်စေ) ကျေကျေနပ်နပ် လေးမြက်လေ့ရှိ၏ .. တရားကို ကိုးကွယ်ရာ၌လည်း တရားအစ်အမှန် ကျမ်းဂန်ပိဋကနှင့် မဂ်ဖိုလ်နိဗ္ဗာန် တရားကိုမှန်းဆ၍ အားရပါးရ ပူဇော်၏ .. သံဃာကို ကိုးကွယ်ရာ၌လည်း သုပ္ပဋိပန္နတာစသော ဂုဏ်တို့နှင့် အတော်အတန်ပြည့်စုံသော ပုထုဇဉ်များကိုလည်းကောင်း .. အမှန်အတားအားဖြင့် အရိယာသံဃာတော်ကိုလည်းကောင်း ကိုးကွယ်၏ .. ထိုရတနာ ၃ ပါးအတွက်ဆိုယင် အသက်ကိုပင်စွန့်ဝံ့၏ .. ဤသူကား ဥာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင်ဖြစ်သူပေတည်း ...

သဒ္ဒါဗုဒ္ဓဘာသာဝင် ...
သူများအပြောကောင်း၍ ယုံကြည်သော သဒ္ဒါဖြင့် (သို့) မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်နေသူတို့ကား ဘုရားစစ် တရားစစ် သံဃာစစ်တို့၌ ထိထိရောက်ရောက် သဒ္ဒါစိတ်ပေါက်သူ နည်းပါး၏ (လုံးလုံးမရှိဘူးဟု မဆိုလိုပါ) ဘုရားကိုကြည်ညိုရာ၌ သက်တော်ထင်ရှား မြတ်ဘုရားထိအောင် စိတ်မရောက်နိုင်ပဲ ရုပ်ပုံစေတီတော်လောက်သာ စိတ်ရောက်၏ .. ရုပ်ပုံစေတီတော်များတွင်လည်း ဆွေဘုရား မျိုးဘုရား .. မိမိပူဇော်ထားသော ရုပ်ပွားစေတီများကို ပိုမို၍်ကြည်ညိုတက်ကြ၏ .. ရွှေပြောင်ပြောင်စေတီ ရုပ်ပွားကိုလည်း သာ၍ကြည်ညိုတက်ကြသည် ..

ဆင်းတု စေတီတော်များကို ဖူးမျှော်ရသည်မှာ ကုသိုလ်မရ ဟု မဆိုလိုပါ .. များစွာကုသိုလ်ရပေသည် .. သို့သော်ဆင်းတုတော် စေတီတော်များသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာဖို့ရာ တည်ထားကိုးကွယ်အပ်သော အတုအပွားမျှသာဖြစ်သောကြောင့် ဘုရားရှင်တိုင်အောင်အာရုံပြုနိုင် .. မှန်းဆနိုင်မှသာ စနစ်ကျန .. သာ၍အကျိုးရသော ဖူးမျှော်ခြင်းဟု ဆိုလိုပါသည် .. ထိုသို့ ဘုရားရှင်၏ ဂုဏ်တော်များနှင့်တစ်ကွ တရားသံဃာတော်တို့၏ ဂုဏ်တော်များကို လေးလေးစားစား အာရုံပြုတက် ကြည်ညိုတက်သည့်အပြင် ဒုစရိုက်ဆယ်ပါးမှရှောင်သော ကိုယ်ကျင့်တရားနှင့်ပြည့်စုံလုံခြုံပါမူကား .. ဟောတော်မူအပ်သော (မဟာဝဂ္ခ .. သောတာပတ္တိသံယုတ် .. သရဏနိဝဂ် .. ပထမ သရဏနိသက္ထသုတ်) ပါဠိတော်နှင့် လျော်ညီစွာ အပါယ်လေးပါး တခါတည်းကင်းလွတ်သော သောတာပန်အခြေသို့ ရောက်လေပြီဟု ယုံကြည်စိတ်ချထိုက်ပေတော့သည် ..



ပင်ကိုက အောက်အကြေသို့ စီးနေသောမြစ်ရေအယာဉ်သည် သမုဒြာနှင့် ကြာလေနီးလေဖြစ်သကဲ့သို့ အနိစ္စ .. ဒုက္ခ .. အနတ္တ သဘောကိုထင်မြင်၍ သံသရာ၌ ငြီးငွေ့လက်စရှိသော ထိုသူတော်စင်၏ စိတ်အစဉ်သည်လည်း နိဗ္ဗာန်သို့ ကိုင်းညွှတ်ရင်း ရှိရကား နိဗ္ဗာန်နှင့် ကြာလေနီးလေပင်ဖြစ်တော့၏ ..
အရှေ့ဘက်သို့ ကိုင်းညွှတ်လျက်ရှိသော သစ်ပင်သည် လဲသည့်အခါ အရှေ့ဘက်သို့သာ လဲဖွယ်ရာရှိသကဲ့သို့ နိဗ္ဗာန်သို့ ကိုင်းညွှတ်နေသော စိတ်အစဉ်သည် ကုသိုလ်ကောင်းမှုပြုသမျှ၌ နိဗ္ဗာန်ဘက်သို့သာ ညွှတ်လျက်ရှိသည်ဖြစ်၍ ထိုသူတော်စဉ်သည်အဘယ်မှာ အပါယ်လေးပါးသို့ သွားဖွယ်ရာ ရှိပါတော့အံ့နည်း ..

သရဏဂုံ သီလလုံသူသောတပန်နှင့်တူ ..
ဆိုအပ်ပြီးစကား၌ ကိုယ်ကျင့်လုံခြုံ ဟူရ၀ယ် ငယ်စဉ်ကစ၍ လုံခြုံမှသာ လုံခြုံရာရောက်သည် ဟုမဆိုလိုပါ .. သတိတရားရသည်ကစ၍ စိတ်ချလက်ချ လုံခြုံလာလျှင် လုံခြုံသည်ပင် မည်နိုင်ပါသည် .. ဘုရားလက်ထက်တော်၌ သရဏာနိ မည်သောဥပသကာသည် ရတနာသုံးပါးကို အသဲစွဲကြည်ညိုနေသော်လည်း ငယ်ရွယ်စဉ်ကာလက ငါးပါးသီလလောက်မျှ မလုံခြုံပဲရှိခဲ့ရာ စုတေခါနီးကျမှ သတိရ၍ လူ့သိက္ခာကို စောင့်ထိန်းလျက်စုတေသည် .. ထို့နောက်ကျန်ရစ်သူတို့က ထိုသူ၏လားရာ ဂတိကိုဘုရားရှင်ကထိုဥပါသကာကို အပါယ်လေးပါးမှလွတ်သော သောတပန်ဖြစ်ရကား သုဂတိသို့ရောက်နေကြောင်းကို မိန့်တော်မူပါသည် ..
ထို့ကြောင့် မကောင်းသောမြေရေ၌ စိုက်ပျိုးလေသမျှ မျိုးစေ့သည် မည်မျှပင်အောင်မြင်စေကာမူ အကျိုးမပြီးအချည်းနှီး ပျက်ပြားဆုံးပါးရသကဲ့သို့ မူလ မမှန်သောဘုရား .. တရား ၌အားမထားကိုးကွယ်လေသမျှသည် အချည်းနှီးအကျိုးမဲ့ဖြစ်ရုံသာမက ထိုဘုရားတရားဘက်၌ အားတက်သရောဟောပြောမှုကြောင့် အထုအထည်ကြီးမားလှသော မကောင်မှုအကျိုးကိုပင်ခံရှာရဦးချေဦးမည် .. ထိုမျှလောက် အပြစ်များ၍ ဆုံးပါးဖွယ်ရှိသော ဘာသာတပါး အယူရှိသူများသည် သူတို့၏ ဘုရားတရားကို အားထားမှီခို ကြည်ညိုလေးမြက်ကြကုန်သေး၏ ..

ကောင်းသောရေမြေ၌ကား အားပါးတစိုက်မဟုတ်ပဲ မလိုလဲ လိုလဲစိုက်ပျိုးရုံဖြင့်ကြီးမြင့် ထားကြိုင်းသောအပင်များကို ရနိုင်သကဲ့သို့ ဘုရားတရား သံဃာမှန်တို့၌ ပြုစုအားထုတ်လိုက်သမျှသည် ညောင်စေ့ကလေးမှ ညောင်ပင်ကြီးပေါက်သည့်ပမာ ယုံကြည်ဖွယ်ရာ မရှိလောက်အောင် မြင့်ခေါင်ကြီးမားသော အကျိုးတရားကို ခံစားရပေမည် .. စိတ်ပါ လက်ပါ အားရပါးရ ဂရုစိုက်၍ ကိုးကွယ်ဆည်းကပ်လိုက်ပါမူကား တသံရာလုံး စိတ်ချလက်ချ နိဗ္ဗာန်တိုင်အောင် အကျိုးကို မုချရနိုင်သည်ဖြစ်၍ အကြောင်းအကျိုးစီစစ်က အပြစ်ဆိုဖွယ်မရှိသောဗုဒ္ဓဘာသာ အယူကြီးကိုလက်ကိုင်ရပါလျက် ယုံကြည်ချက်လျော့၍ အဘယ်မှာခပ်ပေါ့ပေါ့နေထိုက်ပါအံ့နည်း .. နေ့စဉ်ရက်ဆက် နှစ်သက်ကျေနပ်အောင် အထပ်ထပ်စဉ်းစား၍ တရားတော်အရ ကျကျနနလိုက်နာထိုက်ကြသည် မဟုတ်ပါလော ..

ဆရာတော်ရဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ..

၁။ စိတ်ကောင်းရှိဘို့က ... ပထမ
၂။ ၀ိနည်းလေးစားဘို့က ... ဒုတိယ
၃။ ကျန်းမာဘို့က ... တတိယ
၎။ သန့်ရှင်းဘို့က ... စတုတ္ထ
၅။ အ၀တ်အစားတက်ဘို့က ... ပဉ္စမ
၆။ အနေအထိုင်တက်ဘို့က ... ဆဌမ
၇။ အပြောအဆိုတက်ဘို့က ... သတ္တမ
၈။ အသွားအလာတက်ဘို့က ... အဌမ
၉။ စည်းကမ်းလိုက်နာဘို့က ... န၀မ
၁၀။ စာတက်ဘို့က ... ဒသမ

စာပေကျမ်းဂန် သင်ကြားပို့ချနေသာ စာသင်တိုက်ကြီးတွင် စာတက်ဖို့ဟူသောအချက်ကို နောက်ဆုံးမှာထားခြင်းကို သတိပြုမိစေလိုပါတယ် .. ဆရာတော်သည် လူတော်လူကောင်းဆိုသော စကားလုံးကို ခွဲခြားပြီး လူသည်တော်ဖို့ထက် .. ကောင်းဖို့ပိုလိုကြောင်းကို ကျောင်းစည်ကမ်းဖြင့် ထင်ရှားပြသခဲ့ပါတယ် ..

ပွတ်လောဆူညံ လူသံပွဲတို့ ကျောင်းဘုရားထဲလုပ်ကြသည် ..
ဗုဒ္ဖအယူ အတွင်းလူဖျက်လို့ ဘာသာပျက်၍ ခက်လိမ့်မည် ..

ဆရာတော်ဟာ ဘုန်းကြီးကျောင်းတွေမှာ အလှူလုပ်ရာမှာ စည်းဝိုင်းအတီးအမှုတ်တို့ဖြင့် ပျော်ပါးကြပုံ .. လူတွေမရောင်ရာဆီလူးကြပုံတွေကို ဤလင်္ကာလေးဖြင့်

ကိုယ်တည်းတယောက် .. ချမ်းသာရောက်ဖို့ ..
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး ..
ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ ..
လက်ထက်ကလျှင် ရသည့်တန်ဖိုး ထပ်မညှိုးဘို့ ..
အားကြိုးမာန်တက် ငါဆောင်ရွက်သည် ..
ဆက်လက်တည်တံ့ပါ စေသော် ...

ဆရာတော်ရဲ့ သာသနာအပေါ်ထားသော ရဲရဲတောက်စိတ်ဓာတ်ပါ ..
ကျွန်တော်ဟာ ဆရာတော်တွေအပေါ်မှာ ပုဂိုလ်စွဲ တက်နိုင်သမျှကင်းအောင် ကိုးကွယ်ခဲ့ပါတယ် .. ဆရာတော်အပေါ်မှာတော့ ဆရာလို အဖေလိုချစ်လို့ အနည်းငယ်ပိုကောင်းပိုခဲ့ပါမယ် .. ဒီလိုချစ် ဒီလိုကိုးကွယ်လို့ အပြင်မှာရင်းနှီးမယ်လို့တော့ မထင်ကြပါနဲ့ .. ဆရာတော်ပျံလွန်တော်မူတော့ ကျွန်တော်တောင် မမွေးသေးပါ .. ဒါပေမယ့် ဆရာတော်ရဲ့ စာတွေ .. ကဗျာတွေ .. ခံယူချက်တွေဟာဖြင့် ကျွန်တော်ကို ပြုပြင်နိုင်ခဲ့ပါတယ် .. ပြောင်းလဲနိုင်ခဲ့ပါတယ် .. အတွေးအမြင်တွေပေးခဲ့ပါတယ် .. ယခုဘ၀မွေးတဲ့ မိဘတွေထက် ကျေးဇူးပိုပါတယ် .. ဒါကြောင့် ဆရာတော်ရဲ့ စာတွေကို မသိသေးတဲ့ လူများ သိစေချင်ပါတယ် .. သိပြီးတဲ့လူများ တွေးစေချင်ပါတယ် .. တွေးပြီးတဲ့လူများ ကျင့်စေချင်ပါတယ် .. လူ့ဘ၀ရတဲ့ ခဏမှာ ဘ၀အမြင်ရှင်းစေချင်ပါတယ် .. ဆရာတော်နဲပတ်သတ်ပြီး သတိရဖွယ် အားကျဖွယ် .. အတုယူဖွယ်အရာတွေကို ဒီနေရာလေးမှာ ဆွေးနွေးကြပါစို့ဗျာ ..



မူလပုံစံ Re: ဆရာတော် အရှင်ဇနကာဘိဝံသ
Quote:
Originally Posted by ကိုချာ Post ကြည့်ရန်
ကိုယ်တည်းတယောက် .. ချမ်းသာရောက်ဖို့ ..
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး ..
ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ ..
လက်ထက်ကလျှင် ရသည့်တန်ဖိုး ထပ်မညှိုးဘို့ ..
အားကြိုးမာန်တက် ငါဆောင်ရွက်သည် ..
ဆက်လက်တည်တံ့ပါ စေသော် ...

ဆရာတော်ရဲ့ သာသနာအပေါ်ထားသော ရဲရဲတောက်စိတ်ဓာတ်ပါ ..
ကျွန်တော်ဟာ ဆရာတော်တွေအပေါ်မှာ ပုဂိုလ်စွဲ တက်နိုင်သမျှကင်းအောင် ကိုးကွယ်ခဲ့ပါတယ် .. ဆရာတော်အပေါ်မှာတော့ ဆရာလို အဖေလိုချစ်လို့ အနည်းငယ်ပိုကောင်းပိုခဲ့ပါမယ် .. ဒီလိုချစ် ဒီလိုကိုးကွယ်လို့ အပြင်မှာရင်းနှီးမယ်လို့တော့ မထင်ကြပါနဲ့ .. ဆရာတော်ပျံလွန်တော်မူတော့ ကျွန်တော်တောင် မမွေးသေးပါ .. ဒါပေမယ့် ဆရာတော်ရဲ့ စာတွေ .. ကဗျာတွေ .. ခံယူချက်တွေဟာဖြင့် ကျွန်တော်ကို ပြုပြင်နိုင်ခဲ့ပါတယ် .. ပြောင်းလဲနိုင်ခဲ့ပါတယ် .. အတွေးအမြင်တွေပေးခဲ့ပါတယ် .. ယခုဘ၀မွေးတဲ့ မိဘတွေထက် ကျေးဇူးပိုပါတယ် .. ဒါကြောင့် ဆရာတော်ရဲ့ စာတွေကို မသိသေးတဲ့ လူများ သိစေချင်ပါတယ် .. သိပြီးတဲ့လူများ တွေးစေချင်ပါတယ် .. တွေးပြီးတဲ့လူများ ကျင့်စေချင်ပါတယ် .. လူ့ဘ၀ရတဲ့ ခဏမှာ ဘ၀အမြင်ရှင်းစေချင်ပါတယ် .. ဆရာတော်နဲပတ်သတ်ပြီး သတိရဖွယ် အားကျဖွယ် .. အတုယူဖွယ်အရာတွေကို ဒီနေရာလေးမှာ ဆွေးနွေးကြပါစို့ဗျာ ..
အတ္တဟိတာယ ဝါယမော ၊ နေသော မမ ကဒါစိပိ။
သမ္ဗုဒ္ဓသာသနေဿဝ ၊ ဌပနာယ အယံ မမ။
မြန်မာလိုအဓိပ္ပါယ်က ငါ့အကျိုးစီးပွားအတွက် ဒီစစ်ကိုတိုက်နေတာ မဟတ်ုဘူး။ မြတ်စွာဗုဒ္ဓရဲ့ သာသနာတော်ကြီး အရှည်တည်တန့် ရေးအတွက် ဒီစစ်ကိုတိုက်နေတာ လို့  အဓိပ္ပါယ် ရပါတယ်။ ဒီအတွက် လင်္ကာလေးကိုတော့-ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့  ခုလောက်ကြိုးကုတ် အားမထုတ်ဘူး။ ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှည်စွာအဓွန့်  ရောင်လျံကွန်.ဖို. စွန်.စွန်.စားစား ငါကြိုးစားတည် ငါ့အားစိတ်ဝယ်အမြဲတည်း-လို့  အမည်မသိ ပာညရှင်တစ်ဦးက ရေးဖွဲ့ ခဲ့တာကို မှတ်သားမိဘူးပါတယ်။
ဒီစကားလေးကိုတော့ သီဟိုဠ်သာသနာ့သမိုင်းမှာ ထင်ရှားတဲ့ ဒုဌဂါမဏိ မင်းက ပြောခဲ့တာပါ၊ စစ်တိုက်ထွက်ရာမှာပင် သံဃာတော်များကို ပင့်ဆောင်သွားပြီး အမြဲမပြတ် ဆွမ်းလုပ်ကျွေးလေ့ရှိတယ်လို့  ဆိုပါတယ်။ မယာဂန္ဓာရုံဆရာတော်ကြီးရဲ့ ကဗျာနဲ့  ဒီစာလေး ဆက်စက်မှုရှိနိုင်လိမ့်မယ်လို့  ယူကြည်တာရယ်၊ စာဖတ်သူအတွက် တစုံတရာ အကျိုးရှိနိုင်လိမ့်မယ်လို့  ယုံကြည်တာရယ်ကြောင့် မျှဝေလိုက်တာပါ၊ ကျေးဇူးတင်ပါတယ်။
Reply With Quote Multi-Quote This Message Quick reply to this message တခြားအသင်းဝင်သို့ ကျေးဇူးတင်ရှိခြင်း


http://forum.myanmarfriendster.com/

No comments:

Post a Comment