Tuesday, December 29, 2009

ဒေါ်အောင်ဆန်းစုကြည်
Tuesday, 11 August 2009

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈လ အမိန့်ချချိန် မြင်ကွင်း

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၁၁၊ ၂၀၀၉

နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၃၁ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်ဖို့ ပထမအကြိမ်ချိန်းဆိုထားရာက ရွှေ့ဆိုင်းခဲ့ပြီး ဒုတိယမြောက် ချိန်းဆိုတဲ့ယနေ့မှာတော့ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ ပြုလုပ်တဲ့ တရားရုံးမှာ ယနေ့ပြုလုပ်တဲ့ တရားရုံးမှ ယခုလို စီရင်ချက်ချမှတ်ခဲ့တာ ဖြစ်ပြီး ပြင်ပမှာ စောင့်ဆိုင်းနေတဲ့ အန်အယ်လ်ဒီ ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများမှာ ၁၂နာရီခွဲဝန်းကျင်မှ ထိုသတင်းကို ကြားသိရပြီး ၁နာရီမထိုးမီမှာ အင်းစိန်ထောင်ရှေ့မှ ပြန်လည် ထွက်ခွါလာကြတာကိုတွေ့ရပါတယ်။
အပြည့်အစုံသို့ ...
Burmese in SF Bay showed their solidarity with DASSK Print E-mail
ဒေါ်အောင်ဆန်းစုကြည်
Tuesday, 11 August 2009

#fullpost {display:none;}


ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာများနှင့် ထောက်ခံသူများက ဒေါ်စုအတွက် စုဝေးကြ

မိုးမခဓာတ်ပုံသတင်း၊ (ဓာတ်ပုံ ထွန်းမြတ်ယူ)

သြဂုတ် ၁၁၊ ၂၀၀၉

မြန်မာပြည်၊ ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းရှိ ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရခုံရုံးက စီရင်ချက်ချမည့်အချိန် နာရီပိုင်းအလို၊ ဆန်ဖရန်အချိန် သြဂုတ်လ ၁၀ ရက် ညနေ ၆ နာရီက ၈ နာရီအထိ ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ မြန်မာများ၊ ဒီမိုကရေစီရေး ထောက်ခံသူ နိုင်ငံတကာမိသားစုများ ၁၀၀ ကျော် စုဝေးကြပြီး အင်န်အယ်ဒီပါတီများ လွှင့်ထူဝှေ့ယမ်းကြလျက် မြို့ထဲရှိ စီဗစ်စင်တာ ရင်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူတကွ ၎င်းတို့ရပ်တည်ကြောင်း၊ ဒေါ်စုနှင့်တကွ မြန်မာပြည်အရေးကို တစိတ်တ၀မ်းတည်းရှိကြောင်း၊ စစ်အုပ်စုကို ဆန့်ကျင်ရှုပ်ချကြကြောင်း ထုတ်ဖော် ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။

အပြည့်အစုံသို့ ...
DASSK sentenced 18 months house arrest instead of 3 years jail Print E-mail
ဒေါ်အောင်ဆန်းစုကြည်
Monday, 10 August 2009

သြဂုတ် ၁၁၊ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချ

နိုင်ငံတကာ သတင်းအေဂျင်စီများ

သြဂုတ် ၁၁၊ ၂၀၀၉

နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကို ထိပါးစေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိကြောင်း စစ်အစိုးရတရားရုံးက ဆုံးဖြတ်ပြီး ဒေါ်စုကို ထောင်ဒဏ် ၃ နှစ် ချလိုက်သည်။ သို့သော် စစ်ခေါင်းဆောင်များ၏ အမိန့်အရ ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ် ၁၈ လ အဖြစ် ချက်ခြင်း ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အမိန့်ချသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၀င်ရောက်ခဲ့သူ အမေရိကန်သားယက်တောကို စွဲဆိုထားချက်များဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

ဒေါ်စုနှင့် အနီးကပ်မိတ်ဆွေ ၂ ဦးကိုလည်း ဒေါ်စုနှင့်အတူ ပြစ်ဒဏ်ချမှတ်လိုက်သောကြောင့် ၎င်းတို့လည်း အကျယ်ချုပ်ဖြင့် ၁၈ လ နေအိမ်တွင် ကျခံရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွေှ့၏ အထူးအမိန့်ကြောင့် ထောင်ဒဏ် ၃နှစ်မှာ အကျယ်ချုပ် ၁၈ လ အဖြစ် လျှော့ချ ကျခံရခြင်းဖြစ်သော်လည်း ကျန်ရှိသည့် ထောင်ဒဏ် ၁၈ လမှာ ဆိုင်းငံ့ထောင်ဒဏ်အဖြစ် ရှိနေမည်ဖြစ်သည်ဟု ဆိုကြောင်း သိရသည်။

11th August - DASSK Trail - Morning News So Far

No comments:

Post a Comment