Tuesday, December 29, 2009

ဒေါ်အောင်ဆန်းစုကြည်
Thursday, 13 August 2009
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ရန် ကုလ လုံခြုံရေးကောင်စီ တောင်းဆို
AP သတင်းဌာန
သြဂုတ် ၁၄၊ ၂ဝဝ၉

၂ ရက်ကြာ ဆွေးနွေးပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွှတ်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုသည့် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချလိုက်ခြင်း နှင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအရ သက်ရောက်မှုတို့မှာ အကြီးအကျယ် စိုးရိမ်ဖွယ်ဖြစ်သည်” ဟု အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေး ကောင်စီက ဆိုသည်။

အပြည့်အစုံသို့ ...
Only China asked the world to accept SPDC's decision Print E-mail
ဒေါ်အောင်ဆန်းစုကြည်
Wednesday, 12 August 2009
တရုတ်ပြည်က စစ်အစိုးရ၏ တရားစီရင်ချက်ကို ထောက်ခံ
ဓာတ်ပုံသတင်း
သြဂုတ် ၁၂၊ ၂ဝဝ၉ ရန်ကုန်မြို့ လက်ဖက်ရည်ဆိုင်တဆိုင်တွင် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံသည့် သတင်းကို စိတ်ဝင်တစား ဖတ်ရှုနေသူတဦး။
အပြည့်အစုံသို့ ...
unseen victory Print E-mail
ဒေါ်အောင်ဆန်းစုကြည်
Tuesday, 11 August 2009
မမြင်ရတဲ့ အောင်မြင်မှု
အောင်သာငယ်
သြဂုတ် ၁၂၊ ၂၀၀၉

ကျနော် ပြောချင်တာကတော့ အချက် ၂ ခုထဲပါ။

၁။ နအဖစစ်အုပ်စုဟာ အသိဉာဏ် နုံနဲ့နေတဲ့ လူတစုသာ ဖြစ်တယ်။

နအဖဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ကိုတောင် ရန်ရှာခဲ့ပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းက သည်အချက်ကို သက်သေပြခဲ့ပြီးပါပြီ။ ရဲရင့်တဲ့ ပြည်သူလူထုကြောင့် ကံကောင်းထောက်မစွာ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ သည်အချက်ကို ကြည့်ရင် နအဖဆိုတာ စဉ်းစား ချင့်ချိန်မှုအသိ ဘယ်လောက်အထိ နုံနဲ့နေတဲ့ လူတစုလည်း ဆိုတာ ကောင်းကောင်း သဘောပေါက်နိုင်ကြမှာပါ။ အဲသည်တော့ လူတယောက်ကို သတ်ဖို့ အထိ ကြိုးစားနေတဲ့ လူတစုဟာ အဲသည် လူတယောက်ကို ထောင်ချဖို့ ဆိုတာကတော့ ဘယ်လိုမှ ၀န်လေးမှာ မဟုတ်တာ အသေအချာပါပဲ။ သည်တော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုထင်ရှားတယ် ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချတယ် ဆိုတာ ဘာမှ မဟုတ်ပါဘူး။ သည်အတွက် ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့လို ၀မ်းနည်း ကြေကွဲနေစရာ မလိုပါ။

အပြည့်အစုံသို့ ...
images on Aug 11 Print E-mail
ဒေါ်အောင်ဆန်းစုကြည်
Tuesday, 11 August 2009
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချတဲ့နေ့
ဓာတ်ပုံသတင်း
သြဂုတ် ၁၁၊ ၂၀၀၉
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ဗြိတိသျှ သံရုံးတွင် ဗြိတိသျှ သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နောက်ခံဖြင့် ယနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဆွီဒင်နိုင်ငံ ၀န်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချလိုက်သည်။ ဆွီဒင်သည် ဥရောပသမဂ္ဂ၏ အလှည့်ကျ ဥက္ကဌတာဝန်ကို ယူထားသည်။
အပြည့်အစုံသို့ ...
When DASSK was sentenced 18 months to house arrest ...

No comments:

Post a Comment