Tuesday, December 29, 2009

မောင်စွမ်းရည်
Maung Swan Yi - Remembering Tetkatho Min Maw Print E-mail
Maung Swan Yi
Saturday, 26 December 2009

ကွယ်လွန်သူ သူငယ်ချင်းသို့

(တက္ကသိုလ်မင်းမော်၊ ၁၉၃၃-၂၀၀၅)

မောင်စွမ်းရည်

ဒီဇင်ဘာ ၂၇၊ ၂၀၀၉

သူငယ်ချင်းရေ

မင်းလဲသေမျိုး၊ ငါသေမျိုးမို့

အစိုးမရ အနတ္တ

(အစိုးရလဲ အနတ္တ)

သူငယ်ချင်းရေ

မင်းလည်းဆရာ၊ ငါဆရာမို့

သမ္မာအာဇီဝ ရှိသမျှမှာ

ပညာအဇီဝ မြတ်ပြီပ

နေကျိုးနပ်စွ ဆိုအပ်လှ။
အပြည့်အစုံသို့ ...
Maung Swan Yi - Unknown Book once written by Tin Moe Print E-mail
Maung Swan Yi
Wednesday, 16 December 2009
တင်မိုးရေးတဲ့ လူမသိသူမသိ စာတပုဒ်
မောင်စွမ်းရည်
ဒီဇင်ဘာ ၁၇၊ ၂၀၀၉

နိုဝင်ဘာလ ၁၉ ရက်နေ့ဟာ တင်မိုးမွေးနေ့ပါ။ ဒါကြောင့် လူမသိသူမသိ သူရေးသားပြုစုဖူးတဲ့ စာအုပ်ကလေး တအုပ်အကြောင်းကို ဖေါ်ထုတ်လိုက်ချင်ပါတယ်။ ဒီလို ဖေါ်ထုတ်လိုက်တဲ့အတွက် တင်မိုးအကြောင်းလဲပိုသိရတဲ့အပြင် စစ်အစိုးရရဲ့ ပရမ်းပတာ ပညာရေး လုပ်ရပ်တွေ အကြောင်းကိုလဲ ပိုသိရပါလိမ့်မယ်။
အပြည့်အစုံသို့ ...
Maung Swan Yi - Village of Snow Men Print E-mail
Maung Swan Yi
Tuesday, 15 December 2009

နှင်းလူတို့ရွာ

မောင်စွမ်းရည်

ဒီဇင်ဘာ ၁၆၊ ၂၀၀၉

မနေ့ညက၊ နှင်းတွေကျလို့

မနက်ထတော့၊ လမ်းမတလျှောက်

ဖွေးဖွေးတောက်။

အိမ်ရှေ့ အိမ်နောက်၊ မြေကြီးပျောက်၊

ပန်းပင်ချုံပုတ်၊ နှင်းတွေအုပ်လို့

နှင်းချုံပုတ်တွေ ပေါက်။

နေ့လည်ရောက်တော့၊ အိမ်နောက်ဖေးက

ကလေးကစားကွင်း၊ နှင်းလူကလေးများ

မွေးဖွားပေါ်ပေါက်၊ မှိုလိုပေါက်။

အပြည့်အစုံသို့ ...
Maung Swan Yi - Nephrology in NY Print E-mail
Maung Swan Yi
Thursday, 19 November 2009
“နယူးယောက် ကျောက်ကပ်ဆေးရုံသို့”

မောင်စွမ်းရည်

နိုဝင်ဘာ ၁၉၊ ၂ဝဝ၉
အောက်တိုဘာ ၁၁ ရက်၊ ဆေးရုံကို တက်ရတယ်
အရင်တခါ တက်ရတာက၊ ရန်ကုန်မှာ “ကျောက်ကပ်ဆေးရုံ”
အခုတခါ တက်ရတာက၊ နယူးယောက်မှာ “ကျောက်ကပ်ဆေးရုံ”
နယူးယောက်မှာ၊ “ကျောက်ကပ်ဆေးရုံ” မခေါ်
“ယူရိုလော်ဂျီ” တဲ့။
အပြည့်အစုံသို့ ...
Maung Swan Yi - 2009 Poem Print E-mail
Maung Swan Yi
Wednesday, 18 November 2009

ပြုံး ၂၀၀၉

မောင်စွမ်းရည်

နိုဝင်ဘာ ၁၉၊ ၂၀၀၉

အမေရိကန်ရဲ့ အရှင်၊ သခင်၊ ဘုရင်

အရင်းရှင် သမ္မတ

တက်ကြွပြီး ထက်လှတဲ့ ကိုလူမည်းကို

လူမွဲအများစုနဲ့ လူမဲအများစုနဲ့

ပညာတတ်အများစုနဲ့ ပညာမဲ့အများစုက

သူ့ကို စေတနာထား

အိုဘားမား၊ ဒို့ အိုဘားမား တဲ့

အများစုမဲကို ဆွဲ စု ခဲ့တယ်။
အပြည့်အစုံသို့ ...
Maung Swan Yi Tar Yar Min Way Book Print E-mail
Maung Swan Yi
Tuesday, 17 November 2009

တာရာမင်းဝေ အမှတ်တရစာစုများ

မောင်စွမ်းရည်

နိုဝင်ဘာ ၁၈၊ ၂၀၀၉

တာရာမင်းဝေ အမှတ်တရစာစုများ စာအုပ်ကို တာရာမင်းဝေ ကွယ်လွန်တာ ၂ နှစ်အကြာ ကာလမှာ သူ့အကိုဖြစ်သူ အောင်ဒင်က စီစဉ်ပြီး မိုးမခစာနယ်ဇင်းအဖွဲ့ က ၂၀၀၉ သြဂုတ်လထဲမှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ် ။ မိုးမခစာနယ်ဇင်းအဖွဲ့က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှာ အခြေစိုက်ပါတယ်။ မိုးမခအဖွဲ့က ဆရာတင်မိုး အမှတ်တရစာစု၊ သတင်းစာဆရာ ကြေးမုံဦးသောင်းစာစု၊ ဟံသာဝတီဦးဝင်းတင် စာနယ်ဇင်းဆောင်းပါးများ စာအုပ် စတဲ့ အမှတ်တရ စာစုများကို ထုတ်ဝေခဲ့ပြီး၊ ခု တာရာမင်းဝေအမှတ်တရစာစုကို ဆက်လက်ထုတ်ဝေလိုက်တာဖြစ်ပါတယ် ။ အမှတ်တရ စာစုထဲမှာ အောင်ဒင်က သူ့ညီ တာရာ မင်းဝေရဲ့ အထ္တုပတ္တိအကျဉ်းကို ရေးသားထားပါတယ်။
အပြည့်အစုံသို့ ...
Maung Swan Yi - Minn Ko Naing Writing Print E-mail
Maung Swan Yi
Thursday, 12 November 2009
မင်းကိုနိုင်ရဲ့ ၀တ္ထု
မောင်စွမ်းရည်
နိုဝင်ဘာ ၁၂၊ ၂၀၀၉


မင်းကိုနိုင်ရေးတဲ့ “နောက်ကြည့်မှန်” အမည်ရှိ ၀တ္ထု စာအုပ်တအုပ် ထွက်လာလို့ အံ့အားသင့်ရ ၀မ်းမြောက် ၀မ်းသာဖြစ်ရပါတယ်။ စာမျက်နှာ ၁၇၀ မျှပဲ ရှိပါတယ်။ ထုတ်ဝေသူက အေအေပီပီလို့ အတိုကောက်ခေါ်တွင်တဲ့ “နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း” ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
Maung Swan Yi - Long Live Maung Thara Print E-mail
Maung Swan Yi
Monday, 26 October 2009

ကိုကြီးသာရ အသက်ရာကျော် ရှည်ပါစေ

မောင်စွမ်းရည်

အောက်တိုဘာ ၂၇၊ ၂၀၀၉


စာရေးဆရာ မောင်သာရရဲ့ အသက်ဟာ ၇၈ နှစ် ပြည့်မြောက်လို့ ၇၉ ထဲ ရောက်ခဲ့ပါပြီ။ ၈၀ တန်းပေါ့။ ဗမာလူမျိုး တယောက်အနေနဲ့ အသက် ၈၀ တန်းအထိ နေရတယ် ဆိုတာ တော်တော့ကို ကုသိုလ်ထူးလို့ပါ။ ဒီကြားထဲကကိုပဲ ကဗျာဆရာကြီးမင်းသုဝဏ်၊ ၀တ္ထုရေးဆရာကြီး မောင်ထင်နဲ့ သတင်းစာဆရာမကြီး လူထုဒေါ်အမာတို့ဟာ အသက် ၉၀ ကျော် ၁၀၀ နီးနီး နေသွားကြရပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့ကြပါတယ်။
အပြည့်အစုံသို့ ...
Maung Swan Yi - Remembering Aung Kyaw Sun Print E-mail
Maung Swan Yi
Saturday, 22 August 2009

တေးဂီတကိုသာမွေ့လျော်ရင်း ကွယ်လွန်သွားခဲ့သူ - အောင်ကျော်ဆန်း

မောင်စွမ်းရည်

သြဂုတ် ၂၃၊ ၂၀၀၉

ကျနော်တို့ မိတ်ဆွေ အပေါင်းအသင်းတွေထဲမှာ လူကြီး လူငယ်စုံတဲ့အပြင် အတီးအမှုတ်သမား၊ သဘင်သည်၊ ရုပ်ရှင်အနုပညာသည်၊ ပန်းချီဆရာစသဖြင့် အစုံပါဝင်ပါတယ်။ တက္ကသိုလ်ဆရာ၊ အထက်တန်းပြဆရာ၊ အလွတ်ပညာသင်ဆရာတွေလဲပါတယ်။

ဒီလိုအပေါင်းအသင်းတွေထဲမှာ ကျနော်တို့ထက်အသက် ၂၀ မက ငယ်တဲ့ အဆိုတော်တယောက်လဲ ပါဝင်ပါတယ်။ သားအရွယ် တူအရွယ်ပေါ့။ သူ့အဖေကိုယ်က ကျနော်တို့နဲ့ ကျောင်းနေဖက်ပါပဲ ပန်းချီကျော် ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာ ၀င်းဖေ ပါ။ ကိုဝင်းဖေက ကျနော်တို့နဲ့ ရွယ်တူတွေ သူသားနာမည်က အောင်ကျော်ဆန်း တဲ့။
အပြည့်အစုံသို့ ...
Maung Swan Yi - DASSK and Poets Print E-mail
Maung Swan Yi
Tuesday, 23 June 2009

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ

မောင်စွမ်းရည်

ဇွန် ၂၃၊ ၂၀၀၉

နိုင်ငံရေးသမားလို အများအကျိုးကို ထမ်းဆောင်ရသူတဦးဟာ စာပေအနုပညာများကို မြတ်နိုးသူမဟုတ်ရင် နည်းနည်းစိုးရိမ်ရပါတယ်။ စာပေအနုပညာများကို မမြတ်နိုးသူဟာရုပ်ကြမ်းသမားတွေ ဖြစ်တတ်ပါတယ်။ ရုပ်ကြမ်းသမားဆိုတာ စိတ်နှလုံးမနူးညံ့တဲ့၊ စာနာထောက်ထားမှုမရှိတဲ့၊ ခံစားမှုမဲ့တဲ့လူမျိုးကို ဆိုလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စာပေအနုပညာများကို မြတ်နိုးတဲ့ နိုင်ငံရေး သမားတဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ အကြမ်းနည်းနဲ့ ပြဿနာဖြေရှင်းတာကို မနှစ်သက်သူဖြစ်နေတာလို့ ယုံကြည်ပါတယ်။ သာမန်အားဖြင့်လည်း ပညာတတ်လူယဉ်ကျေးဆိုတာမျိုးဟာ စာပေအနုပညာများကို လေးစားရ၊ မြတ်နိုးရ၊ တန်ဖိုးထားရမြဲမဟုတ်ပါလား။
အပြည့်အစုံသို့ ...
Maung Swan Yi - Birthday poem for DASSK, children poem Print E-mail
Maung Swan Yi
Monday, 15 June 2009

ဒို့မေမေစု ဒို့ဒေါ်လေးစု မွေးနေ့ဆုတောင်း

(ဒေါ်စုမွေးနေ့မှာ ကလေးများ ရွတ်ဆိုစရာ)

မောင်စွမ်းရည်

ဇွန် ၁၅၊ ၂၀၀၉

မေမေစုကြည်၊ ဒို့စုကြည်

ဆန်းရဲ့သမီး ဆန်းစုကြည်

ဇာနည်ဘွားမို့ စွန့်စားသည်။

နှင်းဆီနီနီ ပန်းတပွင့်

လန်းလန်းစွင့်စွင့် အနီရင့်

ခွပ်ဒေါင်းကြယ်ဖြု လူလူလွှင့်။
အပြည့်အစုံသို့ ...
<<> <> 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 11 of 133

No comments:

Post a Comment