Tuesday, December 29, 2009

ဒေါ်အောင်ဆန်းစုကြည်
Monday, 10 August 2009

သြဂုတ်လ ၁၁၊ ၂၀၀၉ - ဒေါ်စု တရားရုံးချိန်း မနက်ခင်း သတင်းရသမျှ

မိုးမခ

သြဂုတ် ၁၁၊ ၂၀၀၉

၁ - မြန်မာပြည်တွင်းနဲ့ ပြည်ပက သတင်းထောက်များ တရားခွင်သို့ ၀င်ရောက်နားထောင်ခွင့်ရမယ်လို့ ဆိုပါတယ်။

၂ - ဆေးရုံကြီးကို တင်ပြီးဆေးကုသထားတဲ့ ဒေါ်စုနေအိမ်အတွင်း ၀င်ရောက်ခဲ့သူ အမေရိကန်သား ယက်တောကို တရားရုံးချိန်မတိုင်မီ ဆေးရုံကြီးကနေ အင်းစိန်အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်ထားပြီလို့ သိရပါတယ်။

၃ - တရားရုံးချိန်းသို့ နိုင်ငံခြားသံတမန်များလည်း ၀င်ရောက်နားထောင်ခွင့်ရတယ်လို့ ဆိုပါတယ်။

၎ - နံနက်လင်းအားကြီးခန့်က မြန်မာပြည်ကမ်းလွန်ပင်လယ်ပြင်၊ ကပ္ပလီပင်လယ်မှာ ၇.၆ မဂ္ဂနီကျုရှိတဲ့ ရေအောက်မြေငလျင် လှုပ်ခဲ့ရာမှာ ဆူနာမီ လှိုင်းကြီးများ မြန်မာပြည်ကန်းရိုးတန်းကို တိုက်ခိုက်လိမ့်မည်ဟူသော သတိပေးချက် ထွက်ပေါ်ခဲ့သော်လည်း ယခု စိုးရိမ်စရာမဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ကြောင်း ကြားသိရပါတယ်။
အပြည့်အစုံသို့ ...
Barricades placed in front of DASSK Residence Print E-mail
ဒေါ်အောင်ဆန်းစုကြည်
Wednesday, 05 August 2009

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ဆူးကြိုးအကာအရံ များပြန်လည်ချ

မိုးမခ အထောက်တော်၊ ရန်ကုန်

သြဂုတ် ၅၊ ၂၀၀၉

ယနေ့နံနက် ပိုင်းတွင် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် လမ်းပိတ်သည့် ဆူးကြိုးအကာအရံ များသယ်ဆောင်လာပြီး ပြန်လည်ချထားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ တဦးကပြောဆိုသည်။

ထိုမျက်မြင်သက်သေက

ကားလမ်းပိတ်ရာမှာ သုံးတဲ့ သံဆူးကြိုးတပ် သစ်သားဘောင်တွေကို ဒီနေ့မနက်ပိုင်းမှာ ယူလာပြီး ဒေါ်စုအိမ်ရှေ့နားက လမ်းဘေးမှာ ချထားတာ တွေ့ခဲ့တယ်။ ဒေါ်စုကို အင်းစိန်ခေါ်သွားပြီးနောက်မှာ အိမ်ရှေ့မှာ ဘာအတားအဆီးမှ မထားပဲ ရဲတယောက်နှစ်ယောက်ပဲ ထိုင်ခုံနဲ့စောင့်နေတာ၊ အခုလမ်းပိတ်တာတော့ မဟုတ်သေးဘူး၊ ဆူးကြိုးအတားအဆီးကို လိုတာနဲ့ အဆင်သင့် သုံးနိုင်အောင်ထားတဲ့ သဘောလို့ ထင်တယ်ဟုပြောဆိုသည်။

အပြည့်အစုံသို့ ...
DASSK questions Junta's Legitamacy through NLD Statement 23 Print E-mail
ဒေါ်အောင်ဆန်းစုကြည်
Monday, 03 August 2009

ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စု၏ တရားဥပဒေကို မေးခွန်းထုတ် - အင်န်အယ်ဒီကြေငြာချက်

မိုးမခဓာတ်ပုံသတင်း

သြဂုတ် ၄၊ ၂၀၀၉

ယမန်နေ့က အင်န်အယ်ဒီပါတီက ကြေငြာချက်ထုတ်ပြန်ရာတွင် အင်းစိန်ထောင်အတွင်း စစ်အုပ်စု၏ တရားစွဲဆိုခြင်းကို ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို အများပြည်သူတို့သိရှိစေရန် ရှင်းလင်းထုတ်ပြန်ထားသည်။

ဒေါ်စုက နေအိမ်အကျယ်ချုပ် ၅ နှစ်ကို တရားနည်းလမ်းကျမကျ ဆိုသည့် အခြေခံက အစပြုပြီး မစဉ်းစားခြင်း၊ အခြေခံဥပဒေဟူသော ပြဌာန်းချက်များကို လိုသလို ဆွဲသုံးနေခြင်း၊ စစ်အုပ်စုကိုယ်တိုင်က အစိုးရဟူသော တရားဝင်ဖြစ်မှု လိုအပ်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးဆိုသည်၏ ကောင်းမြတ်သော စိတ်စေတနာနှင့် အသိဉာဏ်ပညာ လိုအပ်ခြင်း စသည်တို့ကို မေးခွန်းထုတ်ထားသည်။

ဒီနေရာမှာ ကြည့်နိုင်ပါသည်။

http://www.scribd.com/doc/18075125/NLD-Statement-230709

Sale of DASSK's plot of land - Junta's dirty's plot

No comments:

Post a Comment