Tuesday, December 29, 2009

ဗိုလ်ချုပ်အောင်ဆန်း
41st Anniversary of Burma Martyrs Day Booklet Print E-mail
ဗိုလ်ချုပ်အောင်ဆန်း
Sunday, 20 July 2008

၁၉၈၈ ဇူလိုင် ၁၉ - ၄၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာအုပ်
ဓာတ်ပုံသတင်း၊ မိုးမခ
ဇူလိုင် ၂၀၊ ၂၀၀၈

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရရဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ ၁၉၈၈ ခုနှစ် ဇူလိုင် ၁၉ က ၄၁ နှစ်မြောက် အာဇာနည်နေ့မှာတောင် သူတို့ ပြန်ကြားရေးဌာနက အထိမ်းအမှတ်စာစောင်ကို ရိုက်နှိပ်ပြီး အာဇာနည်ကြီးများရဲ့ ကျန်ရစ်သူမိသားစုတွေထံ ပေးပို့ခဲ့ပါတယ်။ အဲသလိုမျိုး အစိုးရပြန်ကြားရေးက အထိမ်းအမှတ်စာစောင်တွေ နှစ်စဉ်လုပ်လေ့ရှိပါတယ်။

အာဇာနည်ကြီးများရဲ့ ကျန်ရစ်သူမိသားစုတွေက ဇူလိုင် ၁၉ မှာ ဆွမ်းကျွေးတရားနာပြုလုပ်ပြီး မိတ်ဟောင်းဆွေဟောင်း ရဲဘော်ဟောင်းများနဲ့ ဆုံကြလေ့ရှိပါတယ်။ သားသမီးမြေးမြစ်များ တွေ့ဆုံလက်ဆင့်ကမ်းကြပါတယ်။ အဲသည်စာအုပ်လေးတွေကိုလည်း အမှတ်တရ ဝေကြပါတယ်။ အဲဒီထဲက စာအုပ်တအုပ်ကို ကူးယူတင်ပြလိုက်ပါတယ်။

၁၉၈၈ ဇူလိုင် ၁၉ - ၄၁ နှစ်မြောက် အာဇာနည်နေ့ကို တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်တွင် ကျင်းပချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အဲသည်စာအုပ်တွေကို လက်မှတ်ထိုးပြီး မိတ်ဆွေများ၊ မိသားစုများကို အမှတ်တရ ပေးခဲ့တာကို တွေ့ရပါမယ်။ ဒီနေရာမှာ ရယူပါ။

No comments:

Post a Comment