Tuesday, December 29, 2009

တင်မိုး
Tin Moe , Moe CHo Thin - A Father and Son Poem Print E-mail
တင်မိုး
Tuesday, 10 November 2009
ကဗျာထဲက သားအဖ
တင်မိုး၊ မိုးချိုသင်း
နိုဝင်ဘာ ၁၁၊ ၂၀၀၉

တလောက ခင်မင်ရတဲ့ အကိုကြီး ကိုချစ်ဖေက စာမရေးနိုင်သေးလဲ အဖေ့ကဗျာလေးတွေ အမှတ်တရ တင်ပေးပါ တဲ့။ ဒါနဲ့ ကိုယ်လဲ အဖေ ကိုယ်တို့တွေအတွက် စပ်ခဲ့တဲ့ ကဗျာတွေကို စဉ်းစားရင်း တွေးမိတာပေါ့။ တကယ်က အဖေက ကဗျာဆရာ ဖြစ်လေတော့ သူ့ရင်ထဲ ထိရှလာသမျှ ကဗျာတွေ ရေးနေ စပ်နေတာပါ။ ပန်းကလေးပွင့်တာက စ လို့ တိုင်းပြည်အတွက် ရင်လေးမိတာ အဆုံးပေါ့။ နောက် ကိုယ်တို့ သားသမီးတွေအတွက်လဲ ကဗျာတွေ အမျိုးမျိုး စပ်သေးတယ်။
အထူးသဖြင့် ကိုယ်တို့မွေးနေ့တွေမှာ နိုးလာတာနဲ့ အဖေက ကဗျာစပ်နှင့်ပြီးပြီ။ မွေးနေ့ လက်ဆောင် ကဗျာတပုဒ်နဲ့ အမြဲဆုမွန်ကောင်းတွေ တောင်းပေးတတ်သလို ဆုံးမစရာ ရှိရင်တောင် ကဗျာနဲ့ ဆုံးမတတ်သူပါ။ ဒီနေ့တော့ ကိုယ်က ကိုယ့်မောင်လေး ဥာဏ်မိုးအတွက် အဖေစပ်ခဲ့တဲ့ ကဗျာလေး တချို့ကို ဖော်ပြချင်မိတယ်။
အပြည့်အစုံသို့ ...
Tin Moe - It all started with Wa Print E-mail
တင်မိုး
Friday, 06 November 2009
ဝလုံးလေးက စ ခဲ့တယ်
တင်မိုး
မိုးချိုသင်း
နိုဝင်ဘာ ၇၊ ၂၀၀၉
ဒီလက အဖေ့ မွေးလမို့ အဖေ့ကို သတိတရနဲ့ အဖေ့ကဗျာလေးတွေ ဖတ်ဖြစ်နေတာမို့ ဒီကဗျာလေးတပုဒ်ကို သွားဖတ်မိတာပါ။ နိုဝင်ဘာ ၂၀၀၃ က ရေးထားတာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပေါ့လေ။
ဘ၀ဆိုတာ အမျိုးမျိုး ကြုံရ တွေ့ရတာပဲ။ အခုတလော ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို နောက်ပြန်လှည့်ကြည့်မိတဲ့ အချိန်တွေ ရှိတတ်တာမို့ အခု ခံစားရတာတွေနဲ့ တိုက်ဆိုင်သလိုရှိတဲ့ အဖေ့ကဗျာလေးတပုဒ်ကို မျှဝေချင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။
အပြည့်အစုံသို့ ...
Tin Moe - The Justice & The Sword Print E-mail
တင်မိုး
Saturday, 23 May 2009

တော်လှန်ရေး တပ်သား
တင်မိုး

ကျုပ်တို့လိုချင်တာက
ဗုန်းတွေဗျ ဗုန်းတွေ
စကားလုံးတွေ မဟုတ်ဘူး။

အတွေဝေဆန်တဲ့
အစေခံတွေ မလိုချင်ဘူး။

အခြေမှန် အနေမှန်
အဖြေမှန်နဲ့
မတွေဝေတဲ့ ဥာဏ်နဲ့
ပြတ်သားတဲ့ အသေခံတပ်သားတွေကို လိုချင်တယ်။

အချိန် ဆွဲဖို့
ထမိန် လဲနေတဲ့
လူလိမ်ငနဲတွေကို
ခပ်မိုက်မိုက်နဲ့ အပြတ်တိုက်မှ ဖြစ်မယ်။

ကျုပ်ကတော့
အပေါ်ယံ ဖြတ်စားလပ်စား မကြိုက်တဲ့
တော်လှန်ရေး တပ်သားမိုက်ပဲ။

စကားမရှုပ် မတရား မလုပ်ပေမဲ့
ဓားကိုတော့ ဆုပ်ထားရဦးမှာပဲဗျ။ ။

(၂၃၊ ၈၊ ၂၀၀၁)

အဖေ ချစ်တဲ့ တော်လှန်ရေး တပ်သားတွေကို ကိုယ်လဲ ချစ်ခင်နေမိပါတယ်။

အပြည့်အစုံသို့ ...
Tin Moe - The Place of Paduak Print E-mail
တင်မိုး
Sunday, 12 April 2009

ပိတောက်နေရာ

တင်မိုး

ဧပြီ ၁၃၊ ၂၀၀၉

“ယနေ့ မန္တလေး” စာအုပ်တိုက်က ၁၉၉၇ ခုနှစ်၊ မတ်လမှာ ဒုတိယအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဆရာ တင်မိုးရဲ့ လူကြိုက်အများဆုံး စာအုပ် တအုပ်ဖြစ်တဲ့ 'ပိတောက်မှ သရဖီသို့' ကဗျာနှင့် ရသစာညွှန့် စာစု စာအုပ်ကလေးကနေ "တန်ခူးလ" အကြောင်း ရေးဖွဲ့ သီကုံးထားတဲ့ စကားပြေလေးတွေကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဆရာကြီး တင်မိုးဟာ Patience Strong ရဲ့ Through The Year ဆိုတဲ့ 'နှစ်လုံးပေါက်' စာအုပ်ကို ဖတ်မိရာက ဘာသာပြန်တာ မှီးတာ မဟုတ်ဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဒီ 'ပိတောက်မှ သရဖီသို့' ဆိုတဲ့ စကားပြေ လှလှအနေနဲ့ ဖတ်လို့လဲ ရတယ်၊ ကဗျာတပုဒ်လိုလဲ စိတ်ကူး ခံစားနိုင်တဲ့ စာအုပ်လေးကို စီမံ စိတ်ကူး ရေးကြည့်လိုက်တာပါလို့ ဆိုထားလေရဲ့။ (မြန်မာအိုင်အက်စ်ပီ အင်တာနက်စာမျက်နှာ)
အပြည့်အစုံသို့ ...
the pride of freedom by Tin Moe Print E-mail
တင်မိုး
Sunday, 08 March 2009
လွတ်လပ်ရေးဂုဏ်
တင်မိုး
မတ် ၆၊ ၂၀၀၉
(သရုပ်ဖော် ပန်းချီ မျိုးမြင့်)

(၁၉၈၆-ခု ဇန်န၀ါရီလထုတ် ရုပ်ရှင်အောင်လံမဂ္ဂဇင်းမှ ပိတ်ပင်ခံခဲ့ရသော ကဗျာ ဖြစ်သည်။)

အပြည့်အစုံသို့ ...
Tin Moe - The Fighting Peacock Poem Print E-mail
တင်မိုး
Tuesday, 24 February 2009

ခွပ်ဒေါင်းခင်းတဲ့လမ်း
တင်မိုး
ဖေဖော်ဝါရီ ၂၄၊ ၂၀၀၉


တို့တိုင်းပြည်က ကမောက်ကမ
ခေတ်နောက်ကျလို့ ပက်လက်လန်
ယက်ကန် ယက်ကန်။
တော်လှန်ဟေ့ တော်လှန်
အသံကမြည်ဟိန်း။

ကျောချင်းခွာ ဖျာချင်းလု
ဘယ်သူ့ကို တော်လှန်ရမလဲ
လက်စမသိမ်း။

ပန်းတိုင် ပျောက်ပါလို့
လှမ်းကိုင်ထောက်စရာ မရှိပြီ။


လက်ညှိုးတွေ ပြန်လှန်ထိုး
ယိုးစွပ်ကြသည်။

သွေးနဲ့လောင်းခဲ့ကြတဲ့
ခွပ်ဒေါင်းတို့ အာဇာနည်
ပြန်လည်၍ ကြည့်စမ်း။

ကိုယ်ကျိုးကို ဘယ်မငဲ့
ခင်းခဲ့တဲ့လမ်း။

မင်းတည့်တည့်လှမ်း။

၀၃၊ ၁၆၊ ၂၀၀၂

Tin Moe - Home Sweet Home Print E-mail
တင်မိုး
Tuesday, 30 December 2008

ရွှေပြည်ဌာန သာချင်စွ

တင်မိုး

အိပ်ရာဝင် ဘုရားဖူးစဉ်
တရားဦး ဓမ္မစကြာကို
မြတ်စွာ ဗုဒ္ဓ ဟောညွှန်ပြရာ
မိဂဒါဝုန် သားမျိုးစုံသည့်
ရဂုံမြိုင်တလျှောက်
ငါ ကိုယ်တိုင် ရောက်ဘိသကဲ့သို့
တအောက်မေ့မေ့ ချမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ဝေရ လပြည့်ည။

ဗုဒ္ဓ ဓမ္မ သံဃာ့ အရိပ်
မိရိပ် ဖရိပ် ဆရာရိပ်၌
အိပ်စက်ခဲ့ဖူး ထိုကျေးဇူးကို
ကြည်နူး ချမ်းမြ သတိရ
သြကာသ သြကာသ။

အခွင့်ပန်၍ မာန်ကို လျှော့ဖြေ
မေတ္တာဝေခိုက်
ကိုယ့်မြေရှိရာ ဦးချကာ
ကျန်းမာ ချမ်းသာ ပန်းပမာ
သဗ္ဗေ သတ္တာ အဝေရာ
မင်္ဂလာသုခ အရကြီး ရ
အဆိပ်မှန်သမျှ လျှောကာကျ
သားရွှေအိုးထမ်း အိမ်ပြန်လှ
ရွှေပြည်ဌာန သာချင်စွ။
၂၊ ၁၂၊ ၂၀၀၁

editor Ko Aung San Print E-mail
တင်မိုး
Friday, 12 December 2008
အယ်ဒီတာ ကိုအောင်ဆန်း
တင်မိုး
ဒီဇင်ဘာ ၁၂၊ ၂၀၀၈

သတ္တိရှိရှိ၊ တာဝန်သိသိ

စာ၏၀န်တာ၊ ငါ့ဝန်တာဟု

တာဝန်သိစိတ်၊ ခြသေ့င်္စိတ်နှင့်

အင်္ဂလိပ်ကျောင်းအုပ်ရှေ့က အယ်ဒီတာ။

အပြည့်အစုံသို့ ...
Tin Moe - To Beloved Print E-mail
တင်မိုး
Saturday, 15 November 2008

စန်းအတွက် အလွမ်းကဗျာ

တင်မိုး

သူမြတ်နိုးသည့်
ပုထိုးစေတီ မြန်မာပြည်ကိုလည်းကောင်း

သူချစ်သည့် ပန်း

သူလွမ်းသည့် ငှက်

သူနှစ်သက်သည့် စမ်းရေ

သဘာဝ အလှမြေကိုလည်းကောင်း

သူ့သွေး ရင်နှစ်

သားချစ် သမီးချစ်တို့ကိုလည်းကောင်း

အချစ်ဘ၀၊ စိတ်အလှဖြင့်

နှမမြတ်နိုး၊ ဥယျာဉ်ပျိုး၍

ရိုးသားမြင့်မြတ်၊ အနေမြတ်ခဲ့။

မြတ်သောချစ်သူ၊ ဖြူစင်သူ၏

မွှေးကြူဂုဏ်နံ့၊ သင်းထုံပျံ့ ခဲ့။

သင်းပျံ့ စပယ်၊ နှမငယ်ကို

မပြယ်အချစ်၊ အမြဲသစ်လိမ့်

လွမ်းရစ်ခဲ့ပြီ သင့်ဂုဏ်ရည်။ ။

(ချစ်ဇနီး စန်း သို့ -)

၁၇၊ ၁၁၊ ၁၉၉၀

အပြည့်အစုံသို့ ...
Tin Moe - Unity Poem Print E-mail
တင်မိုး
Thursday, 23 October 2008

ညီညွတ်မှု

တင်မိုး

မြသားပင်လယ်၊ သမုဒ်ကျယ်မှာ

လှိုင်းစွယ် လှိုင်းကြမ်း၊ လှိုင်းငါးမန်းတွေ

သွေးဖြန်ဖြန်းထ ၀ိုင်းအုံကြွလဲ

ကမ်းစ သဲပြင်၊ နေရောင်လွင်မှာ

ဖျံလျင်တစု၊ ဘာမမှုဘဲ

သူ့သဘာဝ၊ လဲလျောင်းကြတယ်

တက်ကြွမှုနဲ့ ငြိမ်သက်မှု …

ဆန့်ကျင်ဖက်တို့ ညီညွတ်မှု …

၁၊ ၁၊ ၂၀၀၄

အပြည့်အစုံသို့ ...
Tin Moe - No War But Peace Print E-mail
တင်မိုး
Tuesday, 23 September 2008

စစ်ကို မလိုပါ

တင်မိုး

စေတီ တန်ဆောင်း

ဂူကျောင်း ပြာဿဒ်တွေမှာ

စစ်ဖိနပ်နဲ့ တက်နင်းတော့

ခံပြင်းတဲ့ ဒဏ်ရာ

ရင်တွင်းက အနာ။


စေတီပုထိုးတွေရှိရာ
မေတ္တာမိုးရွာသင့်ပါလျက်
မသမာတဲ့ စိတ်ဓာတ်

လက်နက်ကိုင်တပ်တွေက
အထွတ်အမြတ်နေရာခင်းတော့
ခံပြင်းတဲ့ဒဏ်ရာ
ရင်တွင်းက အနာ။


ငါတို့ မြန်မာနိုင်ငံ

စစ်မှန်တဲ့ မေတ္တာနဲ့ တည်ဆောက်ရင်

ပြီးမြောက်အောင်မြင်ရာမှာ
စစ်တပ်ခင်းပြီး
စစ်ဖိနပ်နဲ့ နင်းဖို့ မလိုပါ။

(၂၉၊ ၂၊ ၂၀၀၀)

အပြည့်အစုံသို့ ...
<<> <> 1 2 3 4 5 6 Next > End >>

Results 1 - 11 of 61

No comments:

Post a Comment