Friday, January 15, 2010

ဆရာတော်အား ဤ Topic ဖြင့် ပူဇော်ကန်တော့ပါသည်ဘုရား

ဆရာတော်အား ဤ Topic ဖြင့် ပူဇော်ကန်တော့ပါသည်ဘုရား .

* Posted by sysfotech on January 14, 2010 at 9:29pm
* View Discussions


ဆရာတော်ဟာ ကျမ်းကြီးကျမ်းခိုင် ၆၃ ကျမ်းကိုရေးသားပြုစုခဲ့ပါတယ် ..
အဲဒီထဲက လူပုဂိုလ်တွေအတွက်ရေးခဲ့တဲ့ကျမ်းတွေထဲမှာ ..
ရတနာ့ဂုဏ်ရည် ..
ကိုယ်ကျင့် အဘိဓမ္ဓာ ..
အနာဂတ် သာသနာရေး ..
ဘာသာသွေး .. စသည့် ကျမ်းတွေဟာ ထင်ရှားလှပါတယ် ..
သံဃာတော် တွေအတွက် ဆရာတော် ရေးခဲ့တဲ့ကျမ်းတွေဟာလည်း ယခုထက်ထိတိုင် စာသင်တိုက်ကြီးတွေမှာ သင်ရိုးအဖြစ်တည်ရှိနေကြပါတယ် .. ဒါကြောင့်ဆရာတော်ရဲ့ကျေးဇူးတွေဟာ လူတွေအပေါ်မှာကော သံဃာတော်တွေအပေါ်မှာပါ များပြားလှပါတယ် ..
ဆရာတော်၏ ပထမဆုံး စတင်ထုတ်ဝေသည့် ကျမ်းစာဖြစ်သော ရတနာ့ဂုဏ်ရည် ကျမ်းစာအုပ်တွင် .. ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ဤကဲ့သို့ ရှင်းလင်းပြက်သားစွာ စတင်ဖွင့်ဆိုထားသည် ..

ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့် ...
သဗ္ဗညုတဘုရားရှင်ကို ဗုဒ္ဓ ဟုခေါ်၏ .. ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို ဗုဒ္ဓဘာသာ ဟုခေါ်၏ .. ထိုဗုဒ္ဓရှင်တော်မြက်၏တရားတော်အတိုင်း လိုက်နာသူကို ဗုဒ္ဓဘာသာဝင် ဟူ၍ခေါ်၏ .. ထိုဘာသာဝင်ဖြစ်လိုသူ (သို့) ဖြစ်နေသူသည် ဗုဒ္ဓ .. ဓမ္မ .. သံဃ (ဘုရား .. တရား .. သံဃာ) ရတနာမြက် ၃ ပါး၏ အကြာင်းအရာကိုကောင်းစွာနားလည်ရမည် .. ထိုသို့နားလည်ပြီးနောက် ထိုရတနာ ၃ ပါးကို မိမိယုံကြည်သလား .. မယုံကြည်ဘူးလားဟု စဉ်းစားထိုက်၏ .. မယုံကြည်ယင် ဗုဒ္ဓဘာသာဝင်ပါ ဟုပြောနေသော်လည်း ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်သေးပါ .. ယုံကြည်ယင်ကား ဗုဒ္ဓံ .. သရဏံ .. ဂစ္ဆာမိ စသော သရဏဂုံ ၃ ပါးဆောက်တည်ရ၏ .. ထိုအခါမှ ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်၏ ..

ပညာဗုဒ္ဓဘာသာဝင် ...
ထိုဗုဒ္ဓဘာသာဝင်တို့တွင် ဥာဏ်နှင့်ယှဉ်၍ နစ်နစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကို ကိုးကွယ်ရာ၌ သက်တော်ထင်ရှား မြတ်ဘုရားကိုစိတ်ထဲ၌ ထင်လာမြင်လာအောင် ကိုးကွယ်သည့်အပြင် .. ရုပ်ပုံစေတီတော်များကိုလည်း (ရွှေရှိသည်ဖြစ်စေ .. မရှိသည်ဖြစ်စေ) ကျေကျေနပ်နပ် လေးမြက်လေ့ရှိ၏ .. တရားကို ကိုးကွယ်ရာ၌လည်း တရားအစ်အမှန် ကျမ်းဂန်ပိဋကနှင့် မဂ်ဖိုလ်နိဗ္ဗာန် တရားကိုမှန်းဆ၍ အားရပါးရ ပူဇော်၏ .. သံဃာကို ကိုးကွယ်ရာ၌လည်း သုပ္ပဋိပန္နတာစသော ဂုဏ်တို့နှင့် အတော်အတန်ပြည့်စုံသော ပုထုဇဉ်များကိုလည်းကောင်း .. အမှန်အတားအားဖြင့် အရိယာသံဃာတော်ကိုလည်းကောင်း ကိုးကွယ်၏ .. ထိုရတနာ ၃ ပါးအတွက်ဆိုယင် အသက်ကိုပင်စွန့်ဝံ့၏ .. ဤသူကား ဥာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင်ဖြစ်သူပေတည်း ...

သဒ္ဒါဗုဒ္ဓဘာသာဝင် ...
သူများအပြောကောင်း၍ ယုံကြည်သော သဒ္ဒါဖြင့် (သို့) မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်နေသူတို့ကား ဘုရားစစ် တရားစစ် သံဃာစစ်တို့၌ ထိထိရောက်ရောက် သဒ္ဒါစိတ်ပေါက်သူ နည်းပါး၏ (လုံးလုံးမရှိဘူးဟု မဆိုလိုပါ) ဘုရားကိုကြည်ညိုရာ၌ သက်တော်ထင်ရှား မြတ်ဘုရားထိအောင် စိတ်မရောက်နိုင်ပဲ ရုပ်ပုံစေတီတော်လောက်သာ စိတ်ရောက်၏ .. ရုပ်ပုံစေတီတော်များတွင်လည်း ဆွေဘုရား မျိုးဘုရား .. မိမိပူဇော်ထားသော ရုပ်ပွားစေတီများကို ပိုမို၍်ကြည်ညိုတက်ကြ၏ .. ရွှေပြောင်ပြောင်စေတီ ရုပ်ပွားကိုလည်း သာ၍ကြည်ညိုတက်ကြသည် ..

ဆင်းတု စေတီတော်များကို ဖူးမျှော်ရသည်မှာ ကုသိုလ်မရ ဟု မဆိုလိုပါ .. များစွာကုသိုလ်ရပေသည် .. သို့သော်ဆင်းတုတော် စေတီတော်များသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာဖို့ရာ တည်ထားကိုးကွယ်အပ်သော အတုအပွားမျှသာဖြစ်သောကြောင့် ဘုရားရှင်တိုင်အောင်အာရုံပြုနိုင် .. မှန်းဆနိုင်မှသာ စနစ်ကျန .. သာ၍အကျိုးရသော ဖူးမျှော်ခြင်းဟု ဆိုလိုပါသည် .. ထိုသို့ ဘုရားရှင်၏ ဂုဏ်တော်များနှင့်တစ်ကွ တရားသံဃာတော်တို့၏ ဂုဏ်တော်များကို လေးလေးစားစား အာရုံပြုတက် ကြည်ညိုတက်သည့်အပြင် ဒုစရိုက်ဆယ်ပါးမှရှောင်သော ကိုယ်ကျင့်တရားနှင့်ပြည့်စုံလုံခြုံပါမူကား .. ဟောတော်မူအပ်သော (မဟာဝဂ္ခ .. သောတာပတ္တိသံယုတ် .. သရဏနိဝဂ် .. ပထမ သရဏနိသက္ထသုတ်) ပါဠိတော်နှင့် လျော်ညီစွာ အပါယ်လေးပါး တခါတည်းကင်းလွတ်သော သောတာပန်အခြေသို့ ရောက်လေပြီဟု ယုံကြည်စိတ်ချထိုက်ပေတော့သည် ..



ပင်ကိုက အောက်အကြေသို့ စီးနေသောမြစ်ရေအယာဉ်သည် သမုဒြာနှင့် ကြာလေနီးလေဖြစ်သကဲ့သို့ အနိစ္စ .. ဒုက္ခ .. အနတ္တ သဘောကိုထင်မြင်၍ သံသရာ၌ ငြီးငွေ့လက်စရှိသော ထိုသူတော်စင်၏ စိတ်အစဉ်သည်လည်း နိဗ္ဗာန်သို့ ကိုင်းညွှတ်ရင်း ရှိရကား နိဗ္ဗာန်နှင့် ကြာလေနီးလေပင်ဖြစ်တော့၏ ..
အရှေ့ဘက်သို့ ကိုင်းညွှတ်လျက်ရှိသော သစ်ပင်သည် လဲသည့်အခါ အရှေ့ဘက်သို့သာ လဲဖွယ်ရာရှိသကဲ့သို့ နိဗ္ဗာန်သို့ ကိုင်းညွှတ်နေသော စိတ်အစဉ်သည် ကုသိုလ်ကောင်းမှုပြုသမျှ၌ နိဗ္ဗာန်ဘက်သို့သာ ညွှတ်လျက်ရှိသည်ဖြစ်၍ ထိုသူတော်စဉ်သည်အဘယ်မှာ အပါယ်လေးပါးသို့ သွားဖွယ်ရာ ရှိပါတော့အံ့နည်း ..

သရဏဂုံ သီလလုံသူသောတပန်နှင့်တူ ..
ဆိုအပ်ပြီးစကား၌ ကိုယ်ကျင့်လုံခြုံ ဟူရ၀ယ် ငယ်စဉ်ကစ၍ လုံခြုံမှသာ လုံခြုံရာရောက်သည် ဟုမဆိုလိုပါ .. သတိတရားရသည်ကစ၍ စိတ်ချလက်ချ လုံခြုံလာလျှင် လုံခြုံသည်ပင် မည်နိုင်ပါသည် .. ဘုရားလက်ထက်တော်၌ သရဏာနိ မည်သောဥပသကာသည် ရတနာသုံးပါးကို အသဲစွဲကြည်ညိုနေသော်လည်း ငယ်ရွယ်စဉ်ကာလက ငါးပါးသီလလောက်မျှ မလုံခြုံပဲရှိခဲ့ရာ စုတေခါနီးကျမှ သတိရ၍ လူ့သိက္ခာကို စောင့်ထိန်းလျက်စုတေသည် .. ထို့နောက်ကျန်ရစ်သူတို့က ထိုသူ၏လားရာ ဂတိကိုဘုရားရှင်ကထိုဥပါသကာကို အပါယ်လေးပါးမှလွတ်သော သောတပန်ဖြစ်ရကား သုဂတိသို့ရောက်နေကြောင်းကို မိန့်တော်မူပါသည် ..
ထို့ကြောင့် မကောင်းသောမြေရေ၌ စိုက်ပျိုးလေသမျှ မျိုးစေ့သည် မည်မျှပင်အောင်မြင်စေကာမူ အကျိုးမပြီးအချည်းနှီး ပျက်ပြားဆုံးပါးရသကဲ့သို့ မူလ မမှန်သောဘုရား .. တရား ၌အားမထားကိုးကွယ်လေသမျှသည် အချည်းနှီးအကျိုးမဲ့ဖြစ်ရုံသာမက ထိုဘုရားတရားဘက်၌ အားတက်သရောဟောပြောမှုကြောင့် အထုအထည်ကြီးမားလှသော မကောင်မှုအကျိုးကိုပင်ခံရှာရဦးချေဦးမည် .. ထိုမျှလောက် အပြစ်များ၍ ဆုံးပါးဖွယ်ရှိသော ဘာသာတပါး အယူရှိသူများသည် သူတို့၏ ဘုရားတရားကို အားထားမှီခို ကြည်ညိုလေးမြက်ကြကုန်သေး၏ ..

ကောင်းသောရေမြေ၌ကား အားပါးတစိုက်မဟုတ်ပဲ မလိုလဲ လိုလဲစိုက်ပျိုးရုံဖြင့်ကြီးမြင့် ထားကြိုင်းသောအပင်များကို ရနိုင်သကဲ့သို့ ဘုရားတရား သံဃာမှန်တို့၌ ပြုစုအားထုတ်လိုက်သမျှသည် ညောင်စေ့ကလေးမှ ညောင်ပင်ကြီးပေါက်သည့်ပမာ ယုံကြည်ဖွယ်ရာ မရှိလောက်အောင် မြင့်ခေါင်ကြီးမားသော အကျိုးတရားကို ခံစားရပေမည် .. စိတ်ပါ လက်ပါ အားရပါးရ ဂရုစိုက်၍ ကိုးကွယ်ဆည်းကပ်လိုက်ပါမူကား တသံရာလုံး စိတ်ချလက်ချ နိဗ္ဗာန်တိုင်အောင် အကျိုးကို မုချရနိုင်သည်ဖြစ်၍ အကြောင်းအကျိုးစီစစ်က အပြစ်ဆိုဖွယ်မရှိသောဗုဒ္ဓဘာသာ အယူကြီးကိုလက်ကိုင်ရပါလျက် ယုံကြည်ချက်လျော့၍ အဘယ်မှာခပ်ပေါ့ပေါ့နေထိုက်ပါအံ့နည်း .. နေ့စဉ်ရက်ဆက် နှစ်သက်ကျေနပ်အောင် အထပ်ထပ်စဉ်းစား၍ တရားတော်အရ ကျကျနနလိုက်နာထိုက်ကြသည် မဟုတ်ပါလော ..

ဆရာတော်ရဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ..

၁။ စိတ်ကောင်းရှိဘို့က ... ပထမ
၂။ ၀ိနည်းလေးစားဘို့က ... ဒုတိယ
၃။ ကျန်းမာဘို့က ... တတိယ
၎။ သန့်ရှင်းဘို့က ... စတုတ္ထ
၅။ အ၀တ်အစားတက်ဘို့က ... ပဉ္စမ
၆။ အနေအထိုင်တက်ဘို့က ... ဆဌမ
၇။ အပြောအဆိုတက်ဘို့က ... သတ္တမ
၈။ အသွားအလာတက်ဘို့က ... အဌမ
၉။ စည်းကမ်းလိုက်နာဘို့က ... န၀မ
၁၀။ စာတက်ဘို့က ... ဒသမ

စာပေကျမ်းဂန် သင်ကြားပို့ချနေသာ စာသင်တိုက်ကြီးတွင် စာတက်ဖို့ဟူသောအချက်ကို နောက်ဆုံးမှာထားခြင်းကို သတိပြုမိစေလိုပါတယ် .. ဆရာတော်သည် လူတော်လူကောင်းဆိုသော စကားလုံးကို ခွဲခြားပြီး လူသည်တော်ဖို့ထက် .. ကောင်းဖို့ပိုလိုကြောင်းကို ကျောင်းစည်ကမ်းဖြင့် ထင်ရှားပြသခဲ့ပါတယ် ..

ပွတ်လောဆူညံ လူသံပွဲတို့ ကျောင်းဘုရားထဲလုပ်ကြသည် ..
ဗုဒ္ဖအယူ အတွင်းလူဖျက်လို့ ဘာသာပျက်၍ ခက်လိမ့်မည် ..

ဆရာတော်ဟာ ဘုန်းကြီးကျောင်းတွေမှာ အလှူလုပ်ရာမှာ စည်းဝိုင်းအတီးအမှုတ်တို့ဖြင့် ပျော်ပါးကြပုံ .. လူတွေမရောင်ရာဆီလူးကြပုံတွေကို ဤလင်္ကာလေးဖြင့်

ကိုယ်တည်းတယောက် .. ချမ်းသာရောက်ဖို့ ..
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး ..
ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ ..
လက်ထက်ကလျှင် ရသည့်တန်ဖိုး ထပ်မညှိုးဘို့ ..
အားကြိုးမာန်တက် ငါဆောင်ရွက်သည် ..
ဆက်လက်တည်တံ့ပါ စေသော် ...

ဆရာတော်ရဲ့ သာသနာအပေါ်ထားသော ရဲရဲတောက်စိတ်ဓာတ်ပါ ..
ကျွန်တော်ဟာ ဆရာတော်တွေအပေါ်မှာ ပုဂိုလ်စွဲ တက်နိုင်သမျှကင်းအောင် ကိုးကွယ်ခဲ့ပါတယ် .. ဆရာတော်အပေါ်မှာတော့ ဆရာလို အဖေလိုချစ်လို့ အနည်းငယ်ပိုကောင်းပိုခဲ့ပါမယ် .. ဒီလိုချစ် ဒီလိုကိုးကွယ်လို့ အပြင်မှာရင်းနှီးမယ်လို့တော့ မထင်ကြပါနဲ့ .. ဆရာတော်ပျံလွန်တော်မူတော့ ကျွန်တော်တောင် မမွေးသေးပါ .. ဒါပေမယ့် ဆရာတော်ရဲ့ စာတွေ .. ကဗျာတွေ .. ခံယူချက်တွေဟာဖြင့် ကျွန်တော်ကို ပြုပြင်နိုင်ခဲ့ပါတယ် .. ပြောင်းလဲနိုင်ခဲ့ပါတယ် .. အတွေးအမြင်တွေပေးခဲ့ပါတယ် .. ယခုဘ၀မွေးတဲ့ မိဘတွေထက် ကျေးဇူးပိုပါတယ် .. ဒါကြောင့် ဆရာတော်ရဲ့ စာတွေကို မသိသေးတဲ့ လူများ သိစေချင်ပါတယ် .. သိပြီးတဲ့လူများ တွေးစေချင်ပါတယ် .. တွေးပြီးတဲ့လူများ ကျင့်စေချင်ပါတယ် .. လူ့ဘ၀ရတဲ့ ခဏမှာ ဘ၀အမြင်ရှင်းစေချင်ပါတယ် .. ဆရာတော်နဲပတ်သတ်ပြီး သတိရဖွယ် အားကျဖွယ် .. အတုယူဖွယ်အရာတွေကို ဒီနေရာလေးမှာ ဆွေးနွေးကြပါစို့ဗျာ ..



မူလပုံစံ Re: ဆရာတော် အရှင်ဇနကာဘိဝံသ
Quote:
Originally Posted by ကိုချာ Post ကြည့်ရန်
ကိုယ်တည်းတယောက် .. ချမ်းသာရောက်ဖို့ ..
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး ..
ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ ..
လက်ထက်ကလျှင် ရသည့်တန်ဖိုး ထပ်မညှိုးဘို့ ..
အားကြိုးမာန်တက် ငါဆောင်ရွက်သည် ..
ဆက်လက်တည်တံ့ပါ စေသော် ...

ဆရာတော်ရဲ့ သာသနာအပေါ်ထားသော ရဲရဲတောက်စိတ်ဓာတ်ပါ ..
ကျွန်တော်ဟာ ဆရာတော်တွေအပေါ်မှာ ပုဂိုလ်စွဲ တက်နိုင်သမျှကင်းအောင် ကိုးကွယ်ခဲ့ပါတယ် .. ဆရာတော်အပေါ်မှာတော့ ဆရာလို အဖေလိုချစ်လို့ အနည်းငယ်ပိုကောင်းပိုခဲ့ပါမယ် .. ဒီလိုချစ် ဒီလိုကိုးကွယ်လို့ အပြင်မှာရင်းနှီးမယ်လို့တော့ မထင်ကြပါနဲ့ .. ဆရာတော်ပျံလွန်တော်မူတော့ ကျွန်တော်တောင် မမွေးသေးပါ .. ဒါပေမယ့် ဆရာတော်ရဲ့ စာတွေ .. ကဗျာတွေ .. ခံယူချက်တွေဟာဖြင့် ကျွန်တော်ကို ပြုပြင်နိုင်ခဲ့ပါတယ် .. ပြောင်းလဲနိုင်ခဲ့ပါတယ် .. အတွေးအမြင်တွေပေးခဲ့ပါတယ် .. ယခုဘ၀မွေးတဲ့ မိဘတွေထက် ကျေးဇူးပိုပါတယ် .. ဒါကြောင့် ဆရာတော်ရဲ့ စာတွေကို မသိသေးတဲ့ လူများ သိစေချင်ပါတယ် .. သိပြီးတဲ့လူများ တွေးစေချင်ပါတယ် .. တွေးပြီးတဲ့လူများ ကျင့်စေချင်ပါတယ် .. လူ့ဘ၀ရတဲ့ ခဏမှာ ဘ၀အမြင်ရှင်းစေချင်ပါတယ် .. ဆရာတော်နဲပတ်သတ်ပြီး သတိရဖွယ် အားကျဖွယ် .. အတုယူဖွယ်အရာတွေကို ဒီနေရာလေးမှာ ဆွေးနွေးကြပါစို့ဗျာ ..
အတ္တဟိတာယ ဝါယမော ၊ နေသော မမ ကဒါစိပိ။
သမ္ဗုဒ္ဓသာသနေဿဝ ၊ ဌပနာယ အယံ မမ။
မြန်မာလိုအဓိပ္ပါယ်က ငါ့အကျိုးစီးပွားအတွက် ဒီစစ်ကိုတိုက်နေတာ မဟတ်ုဘူး။ မြတ်စွာဗုဒ္ဓရဲ့ သာသနာတော်ကြီး အရှည်တည်တန့် ရေးအတွက် ဒီစစ်ကိုတိုက်နေတာ လို့  အဓိပ္ပါယ် ရပါတယ်။ ဒီအတွက် လင်္ကာလေးကိုတော့-ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့  ခုလောက်ကြိုးကုတ် အားမထုတ်ဘူး။ ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှည်စွာအဓွန့်  ရောင်လျံကွန်.ဖို. စွန်.စွန်.စားစား ငါကြိုးစားတည် ငါ့အားစိတ်ဝယ်အမြဲတည်း-လို့  အမည်မသိ ပာညရှင်တစ်ဦးက ရေးဖွဲ့ ခဲ့တာကို မှတ်သားမိဘူးပါတယ်။
ဒီစကားလေးကိုတော့ သီဟိုဠ်သာသနာ့သမိုင်းမှာ ထင်ရှားတဲ့ ဒုဌဂါမဏိ မင်းက ပြောခဲ့တာပါ၊ စစ်တိုက်ထွက်ရာမှာပင် သံဃာတော်များကို ပင့်ဆောင်သွားပြီး အမြဲမပြတ် ဆွမ်းလုပ်ကျွေးလေ့ရှိတယ်လို့  ဆိုပါတယ်။ မယာဂန္ဓာရုံဆရာတော်ကြီးရဲ့ ကဗျာနဲ့  ဒီစာလေး ဆက်စက်မှုရှိနိုင်လိမ့်မယ်လို့  ယူကြည်တာရယ်၊ စာဖတ်သူအတွက် တစုံတရာ အကျိုးရှိနိုင်လိမ့်မယ်လို့  ယုံကြည်တာရယ်ကြောင့် မျှဝေလိုက်တာပါ၊ ကျေးဇူးတင်ပါတယ်။
Reply With Quote Multi-Quote This Message Quick reply to this message တခြားအသင်းဝင်သို့ ကျေးဇူးတင်ရှိခြင်း


http://forum.myanmarfriendster.com/

အခြေခံ စိတ်ကျန်းမာရေး သင်တန်း ..

အခြေခံ စိတ်ကျန်းမာရေး သင်တန်း ..

* Posted by sysfotech on January 14, 2010 at 9:55pm
* View Discussions

ဒါဟာကို သင်တန်းတစ်ခုလိုတော့ မယူဆစေချင်ပါဘူး .. ဘာလို့လဲ ဆိုတော့ သင်တန်းတစ်ခုတက်ရင် အာရုံစိုက်ရလို့ပါပဲ .. ဒါပေမယ့် အာရုံတိုင်းဟာ စိတ်ကို ပင်ပန်းစေပါတယ် .. ကောင်းတာဖြစ်ဖြစ် .. မကောင်းတာဖြစ်ဖြစ်ပါ .. မကောင်းသောအာရုံကတော့ ပိုပြီး စိတ်ကိုနွမ်းနယ်စေပါတယ် .. ဒါကြောင့် ဒီအထဲဝင်လိုက်တာနဲ့ ခဏလောက် အားလုံး လွှတ်ချလိုက်ပါ .. ပြန်ထွက်သွားမှ ကောက်ယူလိုက်ပါ .. ဒါကပထမဆုံးလေးပါပဲ ..
__________________

လူတွေဟာ နေ့တိုင်းနေ့တိုင်း အလုပ်တွေ လုပ်နေရပါတယ် .. ဘယ်သူအတွက် ဘယ်ဝါအတွက်ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ အမျိုးမျိုးလှုပ်ရှား ရုန်းကန်နေရပါတယ် ..

ရူပဗေဒသဘောတရားအရ လှုပ်ရှားရုန်းကန်လိုက်တဲ့ အရာအားလုံးအတွေက် energy (အင်အား) တွေလိုအပ်ပါတယ် .. သုံးလိုက်တဲ့ အားတွေကိုလည်း ပြန်လည်ဖြည့်တင်းရပါတယ် .. ဒါက သက်ရှိဇီဝဖြစ်စဉ် သဘောတွေအတွက်လည်း မှန်ကန်ပါတယ် ..

ရုပ်ပိုင်းဆိုင်ရာအားတွေကို သုံးလိုက် .. ပြီးရင် ပြန်ဖြည့်လိုက်န့ အဲဒီဖြစ်စဉ်တွေအတွက်က မြင်သာတဲ့ အတွက် လူတွေအတွက် အားဆေးတွေ .. အထောက်အပံ့ပစ္စည်းတွေ ပေါ်ပေါ်လာတာပါ .. ဒါတွေအကူအညီနဲ့ လူတွေ ကျန်းမာစွာ အလုပ်တွေ ဆက်လုပ်နိုင်ပါတယ် ..

ဒါပေမယ့် ကုန်ခန်းသွားတဲ့ စိတ်ပိုင်းဆိုင်ရာ အားတွေအတွက်ကျတော့ အရမ်းမမြင်သာတဲ့ အတွက် လူတွေ့ မေ့ .. မေ့ နေတက်ပါတယ် .. ဒါအတွက်ကြောင့် ယနေ့ ကမ္ဘာမှာ စိတ်ကျတာတွေ ကိုယ်ဟာကိုယ် သတ်သေတာတွေ မကြာခဏဖြစ်ဖြစ် လာကြတာပါ ..

ဘ၀တစ်ခုရှိလာပြီဆိုရင် ဒုက္ခကို ရှောင်လွှဲလို့မရပါဘူး .. ဘ၀နဲ့ ဒုက္ခက တွဲပါလာမှာပါပဲ .. ဘုရားဟောအရဆို ခန္ဒာရရင် ဒုက္ခရမှာပါပဲ .. ဒါပေမယ့် အဲဒီအတွက် ထိုင်ပြီး စိတ်ညစ်နေစရာလဲ မလိုပါဘူး .. အဲဒီဟာကို နဲသွားအောင် ကာကွယ်နိုင်တဲ့ နည်းတွေတော့ ရှိပါတယ် .. အဲဒီလိုလုပ်နိုင်ဖို့အတွက် ပထမဆုံး ကိုယ်ဟာကိုယ် ယုံကြည်မှူအပြည့်ရှိတဲ့ ခွန်အားရှိ စိတ်ဓာတ်တစ်စုံလိုပါတယ် ..

ဝိုး.......ဒါဟာ တကယ်လိုအပ်တယ်လို့  ကျွန်တော်မြင်မိပါတယ်။

ကျွန်တော့်တို့ အခုရပ်တည်နေရတဲ့ လူသားဘ၀ကြီးဟာ အရင်က လူသားဘ၀တွေထက်ပိုကြမ်းတမ်းတယ်လို့ မြင်မိတယ်။ ခေတ်ရဲ့ လိုအပ်ချက်က အရင်ကထက် ကျွန်တော့်တို့လူသားရင်းမြစ်ကို ပိုတောင်းဆိုလာတယ်။ ရိုးရိုးပြောရရင်တော့ ကျွန်တော့်တို့ အခုလူတွေက အရင်ကလူတွေထက်ပို ပင်ပန်းကြတယ်ဆိုတာပါပဲ။

ကိုယ်ရော စိတ်ရော ပင်ပန်းကြတဲ့ အထဲမှာ စိတ်ပင်ပန်းတာက အကောင်အထည်ပြလို့ မရဘူးလို့ ထင်မိပါတယ်။ တဖြည်းဖြည်းနဲ့ မှ သိသာလာပါတယ်။ သိလိုက်ရတဲ့အချိန်မှာလည်း အတော်လေး လူကိုထိခိုက်စေပါတယ်။

ကျွန်တော်လည်း စိတ်မောပန်းဖျားနာခဲ့တဲ့အချိန်တွေရှိခဲ့ဖူးပါတယ်။ အခုခေတ်လူသားတိုင်းနီးပါလည်း ခံရဖူးထင်လို့ ထင်မိပါတယ်။ ကိုယ့်ကိုကိုယ် သထိထားမိတဲ့အချိန်မှာ အတိုင်းအတာတစ်ခုထိဆိုးဝါးနေခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော် အတိုင်းအတာတစ်ခုထိတော့ ကိုယ့်ကိုကိုယ်ပြင်နိုင်ခဲ့တယ်ထင်ပါတယ်။

ကျွန်တော်ကို အဆင်ပြေစေတဲ့အချက်ကလေးတွေကို ပြောပြပါ့မယ်။
အဲဒီလိုနေ့ ရက်တွေမှာ
သီချင်း ကို ပိုနားထောင်ပစ်လိုက်တယ်။
ကိုယ်စိတ်ဝင်စားအရာတွေကို ပိုလုပ်ပစ်လိုက်တယ်။ (ကျွန်တော်ဆို ဂိမ်းကိုအရမ်းဆော့ပစ်တယ်)
နောက်အရေးကြီးတဲ့အရာက (ပိုလည်း ထိရောက်တယ်ထင်တာပဲ) ကိုယ့်ရဲ့  ပုံစံ ကိုတတ်နိုင်သမျှပြောင်းပစ်လိုက်တယ်။ (ဆံပင်ပုံစံပြောင်းပစ်ရတာတော့ အလွယ်ဆုံးပေါ့)

ကျွန်တော်အခုစဉ်းစားမိသလောက်လေးပါ။ အခုကျွန်တော်ပြောပြတာက အပြင်ပိုင်းပြောင်းလဲမှုကနေ စိတ်ကို သက်ရောက်မယ့်ကိစ္စလေးတွေပါ။ လူဆိုတာ အသစ်အဆန်းကိုပဲ အမြဲစိတ်ဝင်စားတတ်တဲ့ သတ္တ၀ါပဲလေ။ တကယ် စိတ်နာကို အကြွင်းမဲ့ကုသနိုင်တဲ့ နည်းလမ်းကတော့ တရားထိုင်တာပါပဲ။ သမ္မထပဲဖြစ်ဖြစ်...၀ိပဿနာပဲဖြစ်ဖြစ် တခုခုအနေနဲ့ ထိုင်တာကတော့ အကောင်းဆုံးနည်းလို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အဲဒါတွေမလုပ်နိုင်လို့  အပြင်ပိုင်းပြောင်းလဲမှုလေးတွေလုပ်ရတာပါ။

အတွေ့ အကြုံကောင်း ၊ နည်းလမ်းကောင်းလေး တွေ ရှိရင် ဝေမျှကြပါဦး။
__________________

ကဲ .. အချိန်လေးနဲနဲ ရလို့ ရှေ့ဆက်ပါမယ် .. စိတ်ကျန်းမာဖို့အတွက် အပေါ်မှာပြောခဲ့ သလို ကိုယ် ကို ကိုယ် ယုံကြည်မှူရှိသော ခွန်အားပြည့် စိတ်ဓာတ်တစ်စုံလိုအပ်ပါတယ် .. ဒီဟာက သူဟာသူတော့ ဖြစ်မလာနိုင်ပါဘူး .. ဒါပေမယ့် အရာအရာတိုင်းမှူ ကြိုးစားအားထုတ်ရင် .. အဲဒီကြိုးစားအားထုတ်မှူရဲ့ အကျိုးဆက်ကို ခံစားရမှာ မလွဲပါဘူး ..

စိတ်ဆိုသော .. လူ့စိတ်ဟာ အင်မတန်ကို ဆန်းကြယ်လှပါတယ် .. အရင်က ဆိုရိုးရှိခဲ့ သလို စိတ်တစ်ခု ရုပ်ကိုးဆယ် ဆိုတာမျိုးလိုပဲ .. စိတ်တစ်စိတ်ဟာ တဒဏအတွင်းမှာ ပြောင်းလဲလျှက်ရှိပါတယ် .. ဒါကြောင့် ဒီစိတ်ကို ထိန်သိမ်းရန် ခက်ခဲတာပါ .. ထိန်းသိမ်းလို့ ခက်ခက်တိုင်း လွှတ်ထားရင်လည်း ပိုဆိုးသွားဖို့သာရှိပါတယ် .. ဒါအတွက်ကြောင့် ထိမ်းနိုင်သလောက်လေး ထိန်းကြည့်ရအောင် ..

တစ်ခါတစ်လေ စိတ်ဓာတ်ကျတာတွေ .. စိတ်ညစ်တာတွေ .. စိတ်ရှုပ်ထွေးတာတွေ ကြုံဖူးကြမှာပါ .. အဲလိုအချိန်မျိုးမှာ စိတ်ဓာတ်မခိုင်မာတဲ့လူတွေ သွားရာလမ်းဟာ ကိုယ်ဟာကိုယ် အဆုံးစီရင်ခြင်းပါ .. အလွန်ကို အောက်တန်းကျပြီး ရှက်စရာကောင်းတဲ့ အပြုအမူတစ်ခုပါ .. ပြသနာကို ဒီလိုမျိုး ပျော့ညံညံရှောင်ပြေးလိုသူတွေ လုပ်ရပ်လည်းဖြစ်ပါတယ် ..

အထက်က ဖော်ပြသလို စိတ်ဓာတ်တွေ အောက်ကျပြီး ဘာမှ မလုပ်ချင်မကိုင်ချင်တဲ့ အချိန်မျိုးမှာ ပထမဆုံး လုပ်သင့်တဲ့ အချက်တွေ ပြောပေးပါမယ် ..

- လူတွေနဲ့ ဝေးတဲ့ .. လူရှင်းတဲ့ နေရာလေးကို ခဏလောက်ထွက်သွားလိုက်ပါ ..
- ပြီးရင် ခုနက ဖြစ်ပျက်ခဲ့တာအာလုံးကို ကိုယ်နဲ့ မဆိုင်သလိုသဘောထားပြီး မျက်လုံးကို ခဏပိတ်လိုက်ပါ ..
- မျက်လုံးပိတ်ထားချိန် ၂ မိနစ် ၃ မိနစ်လောက်ကို ဘာကိုမှ မစဉ်းစား မလုပ်တော့ပဲ စိတ်ကိုထွက်ပေါက် ခဏလေး ပေးလိုက်ပါ .. ( ဖြစ်ချင်တာဖြစ်ပစေဆိုတဲ့ ပုံစံမျိုးနဲ့ပါ )
- ၅ မိနစ်လောက်ကြာသွားတဲ့ အချိန်မှာတော့ လွှတ်ပေးလိုက်တဲ့ စိတ်ကို တစ်ဖြေးဖြေးချင်း သတိထဲထည့်ပြီး ပစ္စုပန်တည့်တည့်ကို ကြည့်လိုက်ပါ .. ဖြစ်နိုင်မယ်ဆိုရင်တော့ အာနာပါန ၀င်လေထွက်လေ လေးကို သတိမှတ်ပြီးကြည့် ကြည့်ပါ .. (ဒီဟာကို တရားထိုင်တယ်လို့ မယူဆစေလိုပါဘူး .. ရှုပ်ထွေးနေတဲ့ စိတ်လေးကို အနည်ထိုင်သွားအောင် လုပ်ပေးတဲ့ သဘောပါ .. )
- စိတ်အနည်းငယ် တည်ငြိမ်သွားတဲ့ ၁၅ မိနစ်လောက်မှာတော့ ခုနက ပြသနာကို ပြန်လည်ရင်ဆိုင်လိုက်ပါ ..

ပြောတာလွယ်ပေမယ့် .. လုပ်ရတာခက်မှန်းသိပါတယ် .. ဒါပေမယ့် ခက်လို့ မလုပ်လေ .. လုပ်ဖို့ ပိုခက်သွားလေဖြစ်မှာပါ .. ဒါကြောင့် ဒါလေးကို စိတ်ညစ်တဲ့ အခါတိုင်း အကျင့်လုပ်ပြီး လုပ်ပေးပါ ..

ဒါမှမဟုတ် .. ဘာပြသနာမှ မဖြစ်လဲ တစ်နေ့ ၃၀ မိနစ်လောက် စိတ်ကို အပြည့်အ၀အနားပေးကြည့်ပါ .. လူတော်တော်များများဟာ ကိုယ်ဘ၀ကို မကျေနပ်ကြသူများဖြစ်ပါတယ် .. အဲလို မကျေနပ်မှူများလေလေ လူဟာ စိတ်ရော ကိုယ်ပါ ထောင်းကြေလာတာပါ .. အဲလို နှစ်ပေါင်းများစွာ ထောင်းကြေနေတဲ့ လူဟာ လူ့ဘ၀မှာ သက်တမ်းစေ့ နေဖို့ခက်ပါတယ် ..

ဒီအတွက်ကြောင့် အချိန်ရရင် ရသလို စိတ်ကို လုံးဝလွှတ်လပ်မှူပေးပါ .. အဲလို ပေးတဲ့ အချိန်မှာ ခုနကပြောသလို ဘာကိုမှ မစဉ်းစား (ရှေ့ရေး .. နောက်ရေး ) တော့ပဲ ဖြစ်ချင်တာဖြစ်ပုံစံမျိုးနဲ့ နေပေးပါ .. တစ်နေ့ နဲနဲ လေ့ကျင့်ပေးရင် တစ်လကနေ သုံးလလောက်မှ သိသိသာသာ စိတ်ကျန်းမာရေးတိုးတက်လာမှာပါ ..

(ဆက်လက်ရေးပေးပါမယ် .. )
__________________

ကျွန်တော့်က အပြင်ပန်းတော့ လွတ်လွတ်လပ်လပ်နဲ့ အမြဲပျော်ပျော်နေတက်တဲ့ပုံစံပါ ။ သူငယ်ချင်း အားလုံးလည်းသိပါတယ် ၊ ဒါပေမယ့် စိတ်ကတော့ အရမ်းပင်ပန်းလွယ်တယ် ၊ စိတ်ထိခိုက်လွယ်တယ် ၊ ငယ်ငယ်ကတည်းက ဘယ်လောက်ပဲစိတ်ထိခိုက်နေပါစေ အပြင်ပန်းထုတ်မပြတက်ပဲ နေတက်အောင်နေခဲ့ပါတယ် အကျင့်တစ်ခုလိုပေါ့ ။ အဲဒီအကျင့်တွေက လူကိုအရမ်းထိခိုက်စေတယ် ညဘက်ဆို အိပ်မပျော်တော့ဘူး ၊ အတွေးပေါင်းစုံနဲ့ အိပ်ပျက်တာတွေများတော့ စိတ်ကိုဂယက်ရိုက်လာတယ် စိတ်ပင်ပန်းတော့ ထိုင်းမှိုင်းလာတယ် လုပ်ချင်ကိုင်ချင်စိတ်မဲ့မဲ့လာတယ် ၊ စိတ်ညစ်စရာတွေ အတွေးများတော့ လူဖြစ်ရတာကိုကအရမ်းပင်ပန်းတယ်လို့ ထင်မြင်လာတယ် ။

ကျွန်တော်ကျောင်းသွားတက်တုန်းက ဒီခံစားမှုမျိုးအဖြစ်ဆုံးပဲ မလုပ်ချင်တာကိုလုပ်နေရတဲ့အပြင် လုပ်သင့်တာကိုဦးစားပေးနေရတာကိုက တော်တော်စိတ်ပင်ပန်းတယ် ၊ အဲဒီချိန်တွေဆို ကိုချာရဲ့ သင်တန်းထဲကအတိုင်းနေကြည့်တယ် နေရတာသက်သာလာလို့ ကိုချာတို့ကို တစ်ကယ်ပဲကျေးဇူးတင်မိပါတယ် ။

နောက်တစ်ချက်က ကျွန်တော် စိတ်ပင်ပန်းတဲ့အချိန်တွေ ကျွန်တော့်ဘ၀ကို ကျွန်တော်အားမရတဲ့အချိန်တွေဆို ကျွန်တော်ဖြေသိမ့်တဲ့အကျင့်တစ်ခုရှိတယ် အများအတွက်တော့မသိဘူး ကျွန်တော့်အတွက်တော့သက်သာပါတယ် ။ ကျွန်တော့်ထက်သာတဲ့ သူတွေကိုကြည့်ပြီးအားကျတယ် သူတို့လိုမလုပ်ဆောင်နိုင်တဲ့အတွက်ဝမ်းနည်းတယ် လုပ်နိုင်အောင်ကြိုးစားသလောက်အခြေနေတွေမပေးတာကို သိပ်ပြီးကြေကွဲမနေတော့ပါဘူး ကိုယ့်ထက်ရုန်းကန်နေရသူတွေကို တစ်ချက်လှမ်းကြည့်တယ်
(ဥပမာ = မိဘမဲ့ကလေးတွေပေါ့ ) ငါတောင်သူတို့လောက်အားငယ်စရာမရှိသေးပဲအားငယ်နေမိတယ် သူတို့တောင်စိတ်ဓါတ်မကျပဲ ကြိုးစားနေသေးတာငါဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့အတွေး တွေနဲ့ ရှေ့ဆက်လျှောက်ဖို့စိတ်ကိုစွမ်းအားတွေပေးတယ် ၊ အဲဒီစွမ်းအားတွေကလည်းကျွန်တော့်ရဲ့ စိတ်ကို သက်သာစေပါတယ် ။

ဘာလိုပဲဖြစ်ဖြစ်ဘယ်အခြေနေပဲဖြစ်နေပါစေ ကျွန်တော့်စိတ်ကိုကျွန်တော့် တစ်ခါတစ်လေကျတော့လည်း မထိန်းနိုင်အောင်စိတ်ဓါတ်ကျတာတွေကြုံဘူးပါတယ် ၊ တင်းထားပါများတော့ ပိုခံစားရလို့ ဒီလိုပညာပေးလေးတွေကိုဖတ်ရတာ ကျွန်တော့်အတွက် အားဆေးကောင်းတစ်ခွက်အဆင်သင့်သောက်သုံးနေရလိုခံစားရပါ တယ် ၊ ဒါကြောင့် အားဆေးဖော်ပေးတဲ့ ကိုချာတို့ နဲ့တကွ ညီအစ်ကိုတွေကိုကျေးဇူးတင်ရင်းနဲ့ စိတ်ပင်းပန်းမှုတွေပျောက်ပြီး လန်းဆန်းစေတဲ့ခုလို အာဟာရစာလေးတွေကို ဆက်ရေးပေးပါဦး ဆေးဖော်ပေးပါဦးလို့ တိုက်တွန်းရင်းနဲ့ ..........

ယခုရေးသားချက်အတွက် ကိုချာ ကျေးဇူးတင်ကြောင်းပြောဆိုပါသည်။
www.myanmarfriendster.com

ကဗျာများ

အလင်းရောင်
စိုးနေလင်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၉ ခုနှစ် ၁၃ နာရီ ၂၇ မိနစ် ကဗျာ
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
“မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့
ဆိုးညစ်သော အမှုကို စက်ဆုပ် ရွံရှာကြလော့
ကောင်းမွန်သော အမှု၌ မှီဝဲ ဆည်းကပ်ကြလော့။”
သမ္မာ ကျမ်းစာ
ရောမ သြဝါဒစာ ၁၂-၉
alin-yaung

စာမျက်နှာဟောင်းများပေါ်က

လောဘ ဒေါသ မောဟ မာန်မာန

အမုန်းတရား ရန်မီးရန်စ

ပဋိပက္ခများ၏ အရုပ်ဆိုးသော အမာရွတ်များ

ထင်ရှားရှိလျှက် အသိခေါက်ခက် အဝင်နက်

ချင်းဝက်တူ စက်ဝိုင်းများ အထပ်ထပ်ဖြင့်

တုလွှတ်ကင်းသော ရိုင်းမိုက် ရက်စက်မှုများအား

တရားဓမ္မစက် လက်မှိုင်ချ

နှစ်ဆယ့်တစ်ရာစု ယခုထိ

အပြစ်သား လူသားတို့ ကိုယ်စား

သွေးသားခန္ဒာပေးဆက်

ကားစင်ထက် အသက်စွန့်လွှတ်ပေးလှူခဲ့


အဲဒီမေတ္တာတရား အင်အား

ချစ်ခြင်း အကြင်နာအား ငါအားနာ



ကမ္ဘာပြန့်ဖြစ်စဉ်ထဲမှာ

မွေးဖွား ရှင်သန် တင်ကျန်နေဆဲ

မိတ်ဆွေများ ခင်ဗျား


သတိတရားပွားမျုား

လောကအားအလှဆင်နိုင်ကြစေ။ ။


သားတို့ ပြန်လာပါမည်
သက်ခိုင် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၉ ခုနှစ် ၁၉ နာရီ ၁၁ မိနစ် ကဗျာ
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမေ
သားငယ်ငယ်တုန်း
အမေ့အပြုံး
တချိန်လုံး ပျော်ခဲ့တယ်။
sc
သားအရမ်းဆော့တော့
မနားတမ်းချော့မော့
ဆော့သင့်သလောက်
ချော့ပင့်မြှောက်
တခါတရံ
မောသင့်သလောက် မောခဲ့တယ်။

စာသင်တဲ့အရွယ်
ပျိုမြစ်နုငယ်
ပိုချစ်ခဲ့တဲ့
အမေရယ်။

အမဲသားကြိုက်
သားအလိုက်
အမေ
အားစိုက်ချက်ကျွေးတယ်။

စာတွေမရ
အာတွေကျလည်း
မရမက စာသင်ပြ
အဲ့ဒါ အမေ့အလှ။

အရွယ်လည်းရောက်
လူလားမမြောက်တမြောက်
မကြောက်တတ်တဲ့အရွယ်
ဇောက်မနက်တဲ့ကောင်ငယ်ကို
ချစ်တုန်း
အပြစ်မသုံး
အမေ ဆုံးမတုန်းပါပဲ။

လူပျိုဖော်ဝင်စ
အပျိုတွေမြင်ရ
အမေဘဝင်မကျ
ဒါ
စာသင်ရမယ့်အရွယ်
ကညာခင်ရတဲ့အချိန်မဟုတ်
အမေသမုတ်ခဲ့တယ်။

တက္ကသိုလ်မရောက်
လမ်းတကာလျှောက်တော့
မပျောက်ရမယ့်တရား
အမေ့စကား
လူသားဆန်ရမယ်တဲ့။

စူးစမ်းဆင်ခြင်
အမှားအမှန် မမြင့်တမြင်
တိုင်းတခွင်လုံး
အုံးရုန်းထကြွ
မရမက
တောင်းဆိုနေသည်
ဒီမိုကရေစီ
ဒါကို
သားလည်း လိုချင်ပြီ။

အမေက ချစ်သလား
ဂရုမထား
သပိတ်ကိုသွား
ကျနော့်အား
အမေ
စောင်ပါးလာပို့သည်။

အခြေအနေပြောင်း
အနေအထိုင်မကောင်းတော့
ဆောင်းခိုစရာအတွက်ဒီဌက်
အမေ
တွက်ချက်ရှာပေးတယ်။

ပါတီတွေထောင်
ဒီမိုကရေစီရအောင် ဆောင်မယ်လို့
သားက ကြွေးကြော်တော့
အမေတွေးကာမော့
အော်
ငါ့သားတော့ မောရှာမပေါ့လို့
အမေ့အမြင်
သားမထင်ခဲ့ပါဘူး။

ကဗျာရူးစာရူး
ဒီသားဦး
အမေ့နဖူးမှာ
ထာဝရဦးနေမှာလို့
အမြဲတွေးထင်
သားကွေးတဲ့ကုတင်
အမေ
ထွေးလျက် အစဉ်နေမှာပါ။

ဒီလိုနဲ့
အချစ်ဦး
မပစ်ဖူးဘဲနဲ့
အသစ်အထူးထွင်တဲ့
စစ်ဦးအမြင်နဲ့
ရရင်ရ
မရရင်ချ
အဲဒါသားတို့ဘဝ
အလှ။

အမေ့ကို စွန့်ခွာ
တောကို ချစ်လာ
ဘယ်ခါမသုဉ်း
အမှန်ဆုံးအတွက်
သူပုန်စစ်သား
အမေ့အား
နှုတ်ခွန်းမဆက်သနိုင်ခဲ့ပါ။

ဌက်ဖျားမကြောက်
တောတကာရောက်
ဆားတောင် ပျောက်ခဲ့ရအလီလီ
(တကယ်ဆို)
အမေတွေးလို့
မဖြေနိုင်ပြီ။

စမ်းရေတွေခြောက်၊ လမ်းတွေ ပျောက်လည်း
မကြောက်တရား၊ စိတ်မှာထား
မနားချီနေ၊ သားတို့တတွေ
သွေးချွေးတွေထွက်၊ ပြည်သူအမြတ်
တသက်ခံစားစေ။

တောလည်အဆုံး၊ နေ့တိုင်းမုန်းလည်း
ကုန်းရုန်းချီတက်၊ ကလေးတွေအတွက်
ပေးဆပ်ရမလေ၊ ကမ္ဘာမကြေ။

စနစ်ဆိုးတွေ ပျက်သုဉ်း
အချစ်တွေတောင်လိုဖုံး
အဲဒီလို အဆုံးကျတော့
အမေ့အတွက် စံပယ်တထုံး
သားစီကုံးလို့
(ဘယ်လိုမှ)
မေ့မရတဲ့မြန်မာပြည်
တနေ့တော့
အမေ့ဆီ
သားတို့ ပြန်လာပါမည်။

ဝဝး၂၆ (၂၉.၁၂.ဝ၉)


ကွင်းလုံးကျွတ် လူဖြစ်မယ့်နေ့
AMT | သောကြာနေ့၊ ဒီဇင်ဘာလ ၁၁ ရက် ၂၀၀၉ ခုနှစ် ၁၇ နာရီ ၁၅ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ကွင်းလုံးကျွတ် လူဖြစ်မယ့်နေ့အခင်းဖြစ်ပွားသလို လူဖြစ်ခဲ့ရ
ရှေ့နေမငှားဖြစ်ပါ။

နှစ်ကာလတို့ အနာဖတ်လို ကွာကျ
ဆင်သွားလို့ လမ်းဖြစ်ပြန်ပြီ။

လမ်းတွေရဲ့အိမ်ဟာ “ မြို့”
အဲဒီတမြို့လုံး တရားလိုပြ သက်သေပဲထား
ဆင်သေပေါ် ငါလိုက်မသွားခဲ့။

မနက်ခင်းကိုပဲ မနက်စာထိုင်စား
ဟေ့ … ဒီဇင်ဘာ ၁၀
ငါနဲ့ ကမ္ဘာကြီးကြားမှာ တခုခုသွားကြားညပ်နေတယ်။

(ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၀၉)



အလွဲများ
ဆောင်းယွန်းလ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၀၉ ခုနှစ် ၁၅ နာရီ ၁၅ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


အလွဲများခုန်ဆွ ခုန်ဆွ
လက်တွေ လေထဲ မြှောက်မြှောက်ပြတဲ့
ခေတ်ရဲ့ ဟစ်ပ်ဟော့ပ် တပုဒ်ကလည်း
ရင်နဲ့နားထဲ လုံးဝ မစွဲလေဘူး …။

ဟိုသီချင်းတပုဒ်ထဲကလို
မေရှင် ဓာတ်ပြားဟောင်းလေးပဲ
နားထောင်ရရင် ကောင်းမလား
”အင်း”…. ခေါင်းစားတယ် ….။

ချစ် ကြိုက် ကွဲ ညား
ရုပ်ရှင်တကားလည်း မကြည့်ချင်ဘူး …။

မင်းသားနဖူးကို သေနတ်နဲ့ချိန်
ဗီလိန်ကို အကယ်ဒမီပေးနေတဲ့ ဇာတ်ကား
ရုံတင်ထားတာလည်း ကြာပြီ ….။

မကြာမီ မျှော် ..
ရင်ခုန်ရလေသော ဇာတ်လမ်း
ကြော်ငြာ စာတမ်းတွေကတော့ တင်းကျပ်ပြည့်
ရုံတင်ဖို့ နေ့စွဲက မရှိသေး …။

အေးအေးသက်သာ
ကဗျာတပုဒ် ရေးဖို့အတွက်
ကီးဘုတ်ပေါ် လက်တင်တဲ့အခိုက်
”ဟိုက်”… မီးပျက်သွားပါပကော
စိတ်ထဲ မောလိုက်တာ …။

နေ့တနေ့ရဲ့ ”ပြီးပါပြီ” စာတန်းအထိုး
ကောင်းကင် အဆိုးက
သတင်း မိုးတွေရွာ
ဒီကနေ့ညလည်း မနေ့ညကလိုပါပဲ
အပြိုပြို အလဲလဲ
မျှော်လင့်ချက်တွေ နည်းပြီး
အကွဲအပြဲတွေ ရွှဲစိုနေတဲ့ လေအိုအိုမှာ
မွန်းကြပ်မှုတွေ အလိပ်လိုက် တွဲခိုနေတယ် …..။ ။




သက်ကြီးစကား သက်ငယ်ကြား
စိုးနေလင်း | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၄၀ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


သက်ကြီးစကား သက်ငယ်ကြားမိုးရွာတုန်း ရေမခံ မိခဲ့ကြသော
ခလုပ်ထိမှ အမိတသူများ
ကျားသနားမှ နွားချမ်းသာရမည့်အဖြစ်
ဘူးတောင်းနစ်လို့ စောင်ခြမ်းပေါ်သော ကာလ
အိပ်ချင်ယောင်ဆောင်သူကို အနှိုးရခက်နေပုံ။

သည်ယုန်မြင်လို့ သည်ခြုံထွင်မှန်း သိသိနဲ့
ဝ မရှိဘဲ ဝိ လုပ်လိုသူများကို ခေါင်းညိတ်
လိမ့်နေသည့်ဘီး ရေညှိမကပ်နိုင်ထုံးဖြင့်
လွတ်တဲ့ငါး ကြီးနေနိုင်ရဲ့ … ဆိုပြီး
ပိုးဖလံမျိုးတို့ မီးကိုတိုးဖို့ ပြင်ဆင်နေကြပုံ။

သိုးရေခြုံသော ဝံပုလွေများ လက်ခမောင်းခတ်
လူနပ်ချမ်းသာ တေးသွားအလိုက်နဲ့
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ
မြွေမှန်ရင် တွင်းဝင်ဖြောင့်ရမှာပ … တဲ့
သခင်အားရ ကျွန်ဒဏ်ဝဖြစ်ကြရပုံ။

နေသေးသပ ခြုံထဲက
ချိုသွေးသမှ တမြမြ။

တလှေတည်းစီး တခရီးတည်းသွားများ
ဘီလူးစည်း လူ့စည်းခြား
တယောက်အားဖြင့် ယူသော်မရ
တသောင်းအားဖြင့် ယူသော်ရ၏
ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ရှိကြစေ။ ။



၉၆ ဒီဇင်ဘာ
AMT | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၀၉ ခုနှစ် ၁၁ နာရီ ၅၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


၉၆ ဒီဇင်ဘာငါတို့လက်ချင်းချိတ်လိုက်တာနဲ့
ပလပ်ထိုးပြီးသား ထွက်ကျလာတဲ့ သံပြိုင်တေးနဲ့
၉၆ ဒီဇင်ဘာဟာ သိပ်ပြီး မအေးခဲ့ပါဘူး။

သူတို့ရဲ့ ပထမအတ္တဟာ
မင်းကို အေးစက်ဆွံ့အစေဖို့ပဲ
သို့ပေမယ့် မင်းက
နှလုံးသားရဲ့ဗဟိုမှာ မီးကိုပန်ဆင်ခဲ့တယ်။

ငါတို့က ကတ္တရာလမ်းမပေါ်မှာ
တိုင်းပြည်ကို ရေးချတယ်
သူတို့က စစ်ခွာရှပ်ပြီး
အကြမ်းဖက် ဖြိုဖျက်တယ်
ငါတို့ တရားဟောတဲ့ သစ်သားခွေးခြေပုငယ်ဟာ
စစ်ခွေးစွယ် မကြောက်ခဲ့ဘူး။

သူတို့က ... နေ့ကိုရော
ညကိုရော
လူထုကိုရော
သမိုင်းကိုရော
မင်းရဲ့လမ်းမတွေကိုပါ
မီးဖြတ်ခဲ့ကြတယ်၊
မင်းသတိရမလား
အဲဒီညရဲ့အတောက်ပဆုံးကြယ်တွေကို ...
သူတို့က .. လူတွေကိုရော
ကားတွေကိုရော
စာတိုက်ပုံးတွေကိုရော
မော်တော်ပီကယ်ရုံးကိုပါ
ရိုက်ချိုးခဲ့တယ်။

မင်း မြင်ရဲ့မဟုတ်လား
မပြိုလဲခဲ့တဲ့ အမှန်တရားကို
အို ... ဒီဇင်ဘာ ၆
မင်းရင်ဘတ်ထဲ အမှောင်ထုကြီး ကျရောက်
အဓမ္မရေလုံး တိုးဝင်
လူထုငိုညည်း
စစ်ဖိနပ်သံ နီးကပ်
ငါတို့ရဲ့ ရေစို ဂျင်းအနွေးထည်တွေအောက်
ကမ္ဘာမကြေသီချင်း မီးထတောက်ခဲ့တယ်။ ။

(၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ သပိတ်မှောက် ကျောင်းသား၊ ကျောင်းသူများသို့ အမှတ်တရ)




တပိုင်းတစ စာမျက်နှာ
စိုးနေလင်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၀၁ ရက် ၂၀၀၉ ခုနှစ် ၁၂ နာရီ ၄၀ မိနစ် ကဗျာ
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ta-paing-ta-sa
မြို့ကလေးရဲ့ သူစိမ်းဆံဆံ အကြည့်တွေကို
တည့်တည့်ရှုရှု ပြန်ကြည့်ရင်း
အချင်းတဲ့အဆင်း ပဉ္စလက်အတတ်ပညာမှာ
ပညာရှိယောင်ဆောင် သူဆောင်
အမှောင်ဓာတ်မှာ ကျင့်သား ရသူရ
ဘဝအဓိပ္ပယ်ဆိုတာ
အစာအိမ်နဲ့ ပိုင်ဆိုင်မှုတောက်ပဖို့မှာ
လာသူလာ သွားသူသွား
ဘာများထူးခြားလာနိုင်ပါသလဲ။

ကဲ .. အဲဒီလမ်းကို လျှောက်ခဲ့ကြသူတွေကို ပြန်စဉ်းစား
နီးရာဓား ကြောက်ရသူများချဉ်းသာ
ကြာကြာဝါး ခါးမှန်းသိပြီးကြ
ငါ့ဝမ်းပူဆာ မနေသာ
ပလာအစုဝင်များ လူးလွန့်
စွန့်ပစ်ခဲ့ရသော အိပ်မက်လှလှတို့ … ဝေးပျ
ကျောမက တကိုယ်လုံး အချခံကြရ။

စကတည်းက မွေးခဲ့ကြသော ဆူးပင်များ
ပေါက်ပွားကြီးထွား အဆိပ်သင့်
အဆင့်ဆင့်လျှောကျ ပျက်စီးမှုဖြစ်စဉ်မှာ
ပင်လယ်ပြင်သာ နာဖျားမကျန်းဖြစ်
မြစ်တို့ ခမ်းကောခဲ့ကြပြီ။

ရေကြည်သောက်ဖို့ တွင်းတူးခဲ့ကြ
ဆယ်စုနှစ်ပေါင်းများစွာ
မီးလောင်ပြာတို့ အထပ်ထပ်
ဖြစ်ရပ်မှန် ဇာတ်လမ်း ဇာတ်ရမ်း
အလွမ်းဇာတ်နာ
ဘယာနကနဲ့ သိပ်သည်းမွန်းနစ်
ဖြစ်တည်မှု သေးကွေးမှုန်မွှားလာရာမှ …
လမ်းဆုံလမ်းခွကို တခါပြန်ရောက်ခဲ့ရပြန်ပြီ
တောင်ဆီမှာကလည်း မိုးတွေ မည်းနေဆဲ။ ။



မိုးချုပ်တော့မယ် …. ပွဲက မစသေးဘူး
ဆောင်းယွန်းလ | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၆ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၄၈ မိနစ် ကဗျာ
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နေ့ရက်ပူပူတွေ အလယ်မှာ
လက်ထဲ မယ်မယ်ရရ ဘာမှမရှိ
တရေးနိုးတိုင်း ထကြည့်မိတဲ့ မှန်တွေထဲမှာ
တာဝန်မကျေတဲ့ အသိတွေပဲ ပုံရိပ်လိုထင်ဟပ်
စိတ်က ကျုပ်ကို မသေမချင်း သတ်နေတယ် …။
saung-yon-hla
ကိုလှသန်းစာသား ခဏငှားရရင်
”အကြောင်းကြောင်းကြောင့်
လက်ခမောင်းခတ်ရမယ့်နေ့ကို မျှော်နေမိတယ်” …။

အဟောင်းအဟောင်းတွေနဲ့ လွဲခဲ့ရသလို
အသစ်အသစ်တွေကလည်း ဘဝနဲ့ အံမကျခဲ့သေးပါဘူး ….။

အိုမာခရမ်လို ပြက္ခဒိန်တွက်တတ်ရင်တော့
ပြဿဒါးနေ့တွေကို ပြက္ခဒိန်ထဲက အပြီးထုတ်
ရက်ရာဇာတွေနဲ့ နန်းတက်ဘုရင် လုပ်ချင်တယ် ….။

ဂျူးလိယက်ဖူးချစ်ဆီက တောင်းပြီး
ပစ်ဖူးခဲ့တဲ့ နောက်ဆုံးကျည်ဆံတွေလည်း
သတ်ကွင်းထဲမှာ တတောင့်ပြီး တတောင့် …။

လက်ဖြောင့်တပ်သား မဖြစ်ခဲ့လို့ ကျည်ဆံတွေပြုန်း
ချွန်သလောက် တုံးနေရတဲ့ ကံကြမ္မာ
နေရာတကာမှာ အကွက်တိုင်း ဟာနေတာ သေချာသလောက်ပဲ …။

ရောင့်ရဲမှုတွင်းထဲမှာ
စိတ်တွေအနည်ထိုင်တဲ့ထိ ထိုင်စောင့်ကြည့်နေရရင်း
မျှော်လင့်ခြင်းကို ရေခပ်ဆင်းမိတဲ့အခါ
အချပ်ပို စကားလုံးတွေသာ တရွက်ပြီးတရွက် ပိုလာခဲ့
တရက်ပြီးတရက် အလဟဿအိုလာခဲ့တယ် ….။

ဘယ်ဆီဘယ်ဝယ်ဆိုတာ
မှန်းဆကာ တမ်းတနေရမယ့် အရာလား
အိပ်မက်ကို အခမဲ့ရုပ်ရှင်တကားလို ကြည့်ရတာ
ဖီလင်မလာတဲ့ နတ်သုဒ္ဒါကို စားရသလိုပဲ …..။

မိနစ်ကိုးဆယ်လုံးလုံး လက်စွမ်းပြခွင့် မရခဲ့တဲ့
ဂိုးသမားတယောက်လိုပဲ
မိုးထဲရေထဲမှာ သူများတွေ ကန်တာကိုပဲ
သည်းမည်းကြည့်နေခဲ့ရ
မိုးချုပ်တော့မှပဲ ပွဲကမစသေးမှန်း သိခဲ့ရတော့တယ် ……။

(တရေးနိုးတိုင်း ခြောက်လှန့်နေတဲ့ အိပ်မက်တွေနဲ့အတူ ဒီကဗျာကို တရေးနိုးမှာ ထရေးမိပါတယ်။)

ကဗျာပြီးဆုံးချိန်။ ။ နိုဝင်ဘာလ ၂၄ ရက်၊ နံနက် ၃ နာရီ ၃ဝ မိနစ်



အားတင်းထားတဲ့ကဗျာ
မင်းဝင့်သူ | တနင်္လာနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၁၂ မိနစ် ကဗျာ
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


တခါတခါ ကာလဒေသ အခင်းအကျဉ်း
မှားယွင်းဖြစ်တည်မှုများ
အဝေဝါးဆုံး ပုံရိပ်ယောင်များက
ကကြိုးသစ်အမျိုးမျိုးကို ထုဆစ်
အပြစ်ရှာလိုသူ ဝံပုလွေရှေ့မှောက်
(အသက်ရှူသံတွေကို)
ခေါက်ရိုးကျိုးပစ်လိုက်ကြ။
oooo
ဘယ်အကျော့မှာ ဘာကိုဆွေးနွေးလို့
ဘာကိုဆုံးဖြတ် …
တခန်းမရပ် အလွမ်းဇာတ်ညွှန်းချည်းသာ
ယာလည်း ညက်၊ ကြက်လည်း ပမ်းခဲ့ပြီးနောက်
ချောက်ကမ်းပါးစပ်ကို တခါပြန်ရောက်ခဲ့ရ။

ကြဲချလေစ သဲရှပ်ရှပ်တွေကိုတောင်
မာန်စောင်လုယက်ဖို့ တာစူ
ဆူလွယ်နပ်လွယ် စာမျက်နှာတို့ကို ရေးဖွဲ့
ပဲ့နင်းဖြစ်လိုကြသော ပင်လယ်ဖျံအသီးသီး
ယိုယီးလေး ယီးလေးယို ….
လှိုင်းလုံးတွေကို အလိုက်သင့်စီးဖို့သာ။

မြေနိမ့်ရာမှာ လှံတန်များစွာ စူးစိုက်
အဲဒီနှစ်ချို့ရှိုက်သံတို့ လျှံကျ
ရောင်းသူဈေးကွက်* စိတ်ကြိုက်ဖြစ်နေဆဲ
ပစ်ဖဲကိုစောင့်စားလိုကြ
သိပ်သည်းဆ နည်းပါးလွန်းလှ၏။

မရှိ၍ ရှိသူတို့ ပေါင်းစည်းညီညာ
တေးတပုဒ်ကို သီဆိုနိုင်ပါမှ
လောကပါလ တရားတို့ ရွက်ရှင်ဖားဖား
ပန်းများကိုပွင့်လွလာစေနိုင်ရဲ့။ ။



မြေခွေးဈေးကွက်
စိုးနေလင်း | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၂၂ မိနစ် ကဗျာ
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ရာသီအပြောင်းအလဲကတော့
အားကောင်းကောင်းနဲ့ ပညာပြ
ကျိုက်ကျိုက်ဆူ ရေနွေးကရားတခုကို
မျိုချထားရသလိုမျိုး …
ဂိုးသွင်းတိုင်းလွဲနေတဲ့ တိုက်စစ်မှူးတယောက်
တချပ်မှောက် ဆက်ဆံရေးကြား
ပါးလျားကြုံလှီလာခဲ့ပုံ။
z
ခြုံပေါ်ရောက်ခဲ့သူတွေက
အစ အဆုံး အားလုံးကောင်းတဲ့ လမ်းဆိုပဲ
ချော်လဲရောထိုင်ခြင်း အတတ်ပညာမှာ
ပါမောက္ခ အသီးသီး ဖြစ်နေကြ
ငါ့မှာ … တိုးရှဲအားတင်းသွားနေရင်း
ဖောင်စီးရင်းရေငတ်
လက်မှတ်မဲ့ ခရီးသွားမျှသာ။

အလာမကောင်း အခါနှောင်း စည်းချက်မှာ
ဆေးစက်ကျရာ အရုပ်ကြိုးရှုပ်
ဒီလိုပုံနဲ့ မိုးကြီးချုပ်ရင်ဆိုပြီး
အမြီးကျက်အမြီးစား
ဆွံ့အ နားမကြား စည်းရိုးပေါ်က
အမျှဝေသံကြားနေရ။

ဈေးကွက်ထဲမတော့
ကျွဲကူးရေပါ တို့ပွရောင်း
နဂါးမျက်စောင်းနဲ့ လင်းယုန်လက်သည်းကြားမှာ
ဘယ်သူခွဲခွဲ တို့မကွဲ
ခဲတလုံးနဲ့ ငှက်ငါးကောင် …
ဟောဟို … တောင်စွယ်မှာ
နေရောင်က မေးတင်လုလု။ ။



တောင်ပံကျိုးနဲ့ ခံတွင်းပျက်
စိုးနေလင်း | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၀၉ ခုနှစ် ၁၇ နာရီ ၂၆ မိနစ် ကဗျာ
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
soe
ရာသီဥတုနဲ့ ပထဝီအနေအထား
စေစားရာအရ
လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာဦးမလား
ပင်လယ်ကြမ်းပြင်အောက် မြေငလျှင်တခု လှုပ်လာဦးမလား
အပူလှိုင်းများ ဖြတ်ဦးမလား
အားကောင်းတဲ့ မုန်တိုင်းတွေကလည်း တခုပြီးတခု
ကွန်ပြူတာအတု ပြုလုပ်ချက်တွေကြား
စာလုံးပေါင်း အကြိမ်ကြိမ် မှားခဲ့ကြ
ဘုရားကား အောက်၊ မျောက်ကား အထက်
မျက်နှာပျောက်လုလုအခြေ။

လေရူးလို့ဆိုဖို့ကလည်း
နွေဦးမဟုတ်သောကာလ
သူခိုးက လူလူဟစ်
မြစ်မချမ်းသာဖြစ်စဉ်ထဲ
ဘာနဲ့ပဲ လဲရ လဲရ ဆိုပြီး
မီးကိုတိုးမယ့် ပိုးဖလံမျိုး
ရိုးတိုးရွတဖြစ်နေကြပြန်ရဲ့။

မြစ်နက်တွေဟာ ရေစီးတည်ငြိမ်ကြသတဲ့
အမျိုးသား အမျိုးသားဆိုပြီး
နိုးကြားခဲ့တဲ့ကာလ ရှိခဲ့ပေမယ့်
အမိမဲ့သား ရေနည်းငါး
တုံးအောက်ကဖား ပြားပြားချည်းသာ
ရွာနာတာလည်း ကာလရှည်ကြာ …
ဟောဟိုမှာ …
ဘာလင်တံတိုင်းကြီးကို ဖြိုချလိုက်ကြတာ
အနှစ်၂၀ ကြာခဲ့ပေါ့။ ။



ဟေမန္တနဲ့  အင်တာဗျူး
မောင်လွမ်းဏီ | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၉ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၂၈ မိနစ် ကဗျာ
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

Poem
နှင်းလို့ ခံစားရင်း
အေးစိမ့်ပုံဆောင်ခြင်းကို
ဆောင်းလို
ကိုယ့်ကိုယ်ကို သိုးမွှေးထိုးနေမိ
အသိနဲ့  နွေးထွေးမှုက
ဘဝကို ရက်လုပ်မှာ။

နှစ်နံစပ် နယ်ဖြတ်သွေးကြောက
နယ်နိမိတ်တောလား
သဘောထား ပြတ်သားရှင်းလင်း
ထင်းခွေမကြုံ ရေခပ်ဆုံချင်။

ဟိုနွေမှာ အမေသေခဲ့
ဟိုမိုးမှာ အဖေ လေဖြတ်ခဲ့
ဟိုဆောင်းမှာ မင်းအဖေ ခြေကျိုးခဲ့
သုံးရာသီထဲမှာ ရဲဘော်တွေလေ
နေကွယ်ကုန်းကိုပဲ ဆဲရေးတိုင်းထွာ
ကဗျာမဆန်တဲ့ သံလွင်ပန်းချီလမ်း
ထိန်လင်းများ ထွင်းဖောက်မလား ငံ့မျှော်။

အဖေ
အိပ်တော့လေ
ဆေးသောက်ပြီးပလား
အဖေ့ကို သား စောင့်နေတာ
နာရီလည်း ကြည့်။

စောင့်ရခြင်းကို ကဗျာလို ဘာသာစကား
ခါးသီးရသ ဘဝလား
အိမ်သူတောင် စောင်ထူထူခြုံ
အိပ်မက်ကို လုံအောင်ဖုံးနေရှာ။ ။

(၆-၁၁-၀၉)

Tuesday, January 5, 2010

မောင်ချောနွယ် ကဗျာများ

Wednesday, August 27, 2008
အငွေ့ပျံနေ့ရက်များ (ကဗျာ)

အငွေ့ပျံနေ့ရက်များ
မောင်ချောနွယ်

အာခိမိဒိသီအိုရီဟာ
သွားတစ်ချောင်းအဖြစ် ရောက်ရှိလာတယ်။

ရေချိန်လွတ်နေတဲ့ စားပွဲခုံတစ်ခုံ ခုန်လို့။

အလွန်တရာ အရသာရှိခဲ့တာက
မျှော်လင့်နေရတာ မှန်သမျှပေါ့။

ချစ်လှစွာသော လောကဓံတရားရေ …
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုဘဲ ချစ်နေရပါတယ်။

အသက်ရှူသံတွေထဲမှာ ပန်းပွင့်တွေရှိတယ်
အသက်ရှူသံဟာ ပန်းပွင့်ဖြစ်တယ်။

ဆူးရှိ
အရသာချဉ်စူးစူး
အစေးလည်းထွက်
ကျီးပေါင်းတက်နေတဲ့ အိပ်မက်တစ်ခု
အသက်ရှူသံ ပန်းပွင့်ထဲမှာ ရှိနေလေရဲ့။ ။

မောင်ချောနွယ်




ခေါက်ရှာငှက်ကလေးများ
မောင်ချောနွယ်

သီချင်းဟောင်းတွေကြောင့် ကမ္ဘာဟောင်းခဲ့ရတယ်
မနေ့ကလည်း ဒါပဲ
ဒီကနေ့လည်း ဒါပဲ
ဒါပဲ
ဟောင်းပြီးရင်း ဟောင်းနေတော့တယ်
အကာအကွယ်မရှိဘဲ ဟင်းလင်း
အတင်းအကျပ် စီးနင်းခံရ
လောကကြီးကို လေ့လာကြည့်တော့
ဘာမှန်းမသိတော့ဘူး
ဘ၀ကို တစ်စစီ လိုက်လိုက်စမ်းရ
ဒီလောက်တောင် ရှူံးရပြီလား
ပေါက်ကွဲချင်တယ်
မျိုသိပ်ပေးလိုက်ရ
အနာဆုံး ဒဏ်ရာပါပဲ
စိတ်နှလုံး ခြောက်ခြားဖွယ်ရာပါလား
ဝန်စည်စလယ်တွေ လေးလေးလံလံ ထမ်းပိုးခဲ့ရ
ဘာတွေမှန်းမသိ
လိုအပ်တာထက် ပိုမိုလှပသာယာလာ
ဒီဘ၀မှာ
ငါပေါင်းရတဲ့ အရာတွေမှန်သမျှ မကောင်း
ငါမပေါင်းရတဲ့ အရာမှန်သမျှသာ ကောင်းခဲ့
ပျော်စရာနေ့ရက်တွေ ပျောက်ဆုံးခဲ့
နေ့ရက်တိုင်း ညှိုးငယ်ခဲ့ရတယ်
သုညမှ ဘာမှမရှိ
စပါးပိုး ကောက်ပိုး အသီးအနှံပိုးတွေ
ဖောက်ချည်ရက်ခဲ့
လေချိုလေအေးတွေ အရှိန်အဟုန်ပြင်းပြင်း
ငါ့ခရီးစဉ်မှာ
ဉာဏ်ကြောင့် ဒုက္ခရောက်ရသည်တဲ့။ ။

မောင်ချောနွယ်



Sunday, August 24, 2008
ဘုရားသခင်က ကြွေအံမကစားခဲ့ဘူး၊ ငါတို့တွေက ကြွေအံကစားခဲ့တယ်

ဘုရားသခင်က ကြွေအံမကစားခဲ့ဘူး
ငါတို့တွေက ကြွေအံကစားခဲ့တယ်
မောင်ချောနွယ်

ကစားဝိုင်းမှာ ထိုးချလိုက်တဲ့ လောင်းကြေးက
ဘ၀ရယ်ပါ …။

လောင်းကစားဝိုင်းဆိုတာ
စိတ်ကူးမှန်မှန်နဲ့ ဉာဏ်ကစားဖို့ပါပဲ
ကံတရားကတော့ သူ့ဘာသာသူ
စီးဆင်းနေပေလိမ့်
ကံနဲ့ ဉာဏ်ထပ်မိရင် ငါတို့ဘ၀တွေ
လတ်ဆတ်ပေလိမ့်
ငါတို့တတွေ ကံကို ကြွေအံကစားခဲ့ကြတယ်။

ငါတို့တတွေ စိုက်မိတဲ့ စိတ်စိုက်ကွက်တွေဟာ
စံကွက်အမှန်တွေပါ။
ပေါ့ပေါ့သွမ်းသွမ်းအမှုတွေလည်း
မပြုခဲ့ကြပါဘူး။
ငါတို့တွေက စိတ်မသန့်လို့ မထိုးခဲ့တာတွေဟာ
ငါတို့ရဲ့ အနိုင်ကြွေးတွေပါ။

ဇာတ် …
အဲဒီက စခဲ့ကြတာပေါ့
အဲဒီကနေ မိုးကျော်သူဟာ
ဟိုတယ်ကာလီဖိုးနီးယားကို ထွက်သွားနိုင်တာတစ်ခုပဲ
ခုတော့ ငါတို့အံဆွဲထဲမှာ
ဘာမှမရှိတော့ဘူး။ ။

မောင်ချောနွယ်




Friday, August 22, 2008
မစဉ်းစားခြင်းသေတ္တာ (ကဗျာ)

ကမ္ဘာပေါ်မှာ
ကိုယ့်ကိုချစ်တဲ့လူဟာ
ဘောလုံးသင်းတစ်သင်းစာလောက်မှ
ရှိရဲ့လား
မစဉ်းစားတော့ပါဘူး … တဲ့။

ဘယ်သူဟာ
ပန်းသီးတစ်လုံးကို စားပြီး
နယူတန်လို တွေးခေါ်မိပါသလဲ
မစဉ်းစားတော့ပါဘူး … တဲ့။

သီချင်းတစ်ပုဒ်ကို နားထောင်ရင်း
ဘယ်သူဟာ
ကမ္ဘာသစ်စေမယ့် သီအိုရီရဖူးလို့လဲ
မစဉ်းစားတော့ပါဘူး … တဲ့။

တစ်ကိုယ်လုံး တစ်ဘ၀လုံး စုပ်ယူ
ကိုယ့်ကို မသေရုံ မွေးမြူထားတဲ့လူတွေ
ရှိနေပြီ
မစဉ်းစားတော့ပါဘူး … တဲ့။

မည်သူမဆိုပေါ့
အရာအားလုံးကို မစွမ်းဆောင်နိုင်ဘူး
တစ်ခုခု လွဲချော်နေတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး … တဲ့။

ကမ္ဘာပေါ်မှာ
ဘယ်အရာမဆို ညာလို့ရပေမယ့်
အစာအိမ်ကို ညာလို့မရတဲ့အကြောင်း
ပြောပြချင်တယ်
မစဉ်းစားတော့ပါဘူး … တဲ့။

လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ
ပင်လယ်ရှိတယ်
လူတွေဟာ
ဒီပင်လယ်ကို ကျယ်ပြန့်အောင်
နက်ရှိုင်းလှပအောင်
မစီးဆင်းတတ်ကြဘူး
မစဉ်းစားတော့ပါဘူး … တဲ့။

မစဉ်းစားခြင်းသေတ္တာတစ်လုံး ရှိခဲ့တယ်
ဘာကိုမှ မစဉ်းစားတော့ပါဘူးတဲ့
ဂျင်းဘောင်းဘီအိတ်ထဲကို လက်နှိုက်
မစဉ်းစားခြင်းသေတ္တာဟာ
လေချွန်ပြီးနေလေရဲ့။ ။

မောင်ချောနွယ်



Wednesday, August 20, 2008
လေးသည်တော် ၀ီလျံတဲ(လ်)၏ မြားချက်များ (ကဗျာ)

လေးသည်တော် ၀ီလျံတဲ(လ်)၏ မြားချက်များ
မောင်ချောနွယ်

လာပြီဟေ့
ငါ လာပြီဟေ့
ကမ္ဘာမြေကြီး
သီးစေ … ပွင့်စေ။

(၁)
အချစ်ရေ
မင်းကို လမင်းကြီးနဲ့ မလဲနိုင်ပါဘူးကွယ်
သဘာဝတရားကလည်း
ကျောက်သားဖွဲ့စည်းလို့
သိပ်သည်းလှချည်ရဲ့။

လောကကြီးကလဲ
အရောအနှောတွေနဲ့ ကျောချလို့
အချစ်ရေ
မြစ်တွေကလည်း စီးဆင်းလွန်းလှ
တောတောင်တွေက အရှိန်မြင့်လွန်းလှချည်ရဲ့
ပယောဂတွေကလည်း
လောကကြီးထက် ကြီးမားကျယ်ပြန့်လှ
လူသားအပေါင်းကလည်း
အပူအားကောင်းလှချည်ရဲ့။

အမှိုက်တွေကလည်း
အသိုက်ဖွဲ့နေထိုင်လို့
ကျောရိုးမဲ့သတ္တ၀ါတွေကလည်း
အသံခက်မာလွန်းလှရဲ့
သင်္ခါရတရားကလည်း
အသံထက်မြန်စွာ ၀ဲပျံလို့
ငွေကြေးကလည်း
သွေးကို အလေးခိုးလှချည်ရဲ့
အသက်ဓာတ်ကလည်း
တပ်မက်စရာ ကောင်းလှချည်ရဲ့
ဓာတ်ကြီးလေးပါးကလည်း
သွေးသားသောင်းကျန်းလှချည်ရဲ့
တဏှာကလည်း
အညှာဖြစ်လို့
ရောဂါပိုးမွှားတွေကလည်း
ခွန်အားကြီးမားလှပါရဲ့။

ဘ၀ကလည်း
အရသာကြွယ်ဝလွန်းလှပါတယ်။
ပလုတ်တုတ်လေးကလည်း
စိတ်လှုပ်ရှားစေရဲ့။

(၂)
အချစ်ရေ
ကမ္ဘာကြီးကို ဆည်းပူးကြစို့ရဲ့
လေးသည်တော် ၀ီလျံတဲ(လ်)ရဲ့ မြားချက်များ
မလွဲခဲ့ပါ။

မောင်ချောနွယ်

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Posted by ဒေါက်တာလွဏ်းဆွေ at 1:23 PM 0 comments

Labels: မောင်ချောနွယ်ကဗျာ

Tuesday, August 19, 2008
ဝတ်မှုန်ကူးကြ (ကဗျာ)

ဝတ်မှုန်ကူးကြ
မောင်ချောနွယ်

ဝမ်းနည်းမှုနဲ့သာ
ကျန်းမာခဲ့ရ
ဆင်ခြင်တုံမှု မိုက်ခရိုစကုပ်ထဲ
ဘ၀ဟာ စားသုံးပင်တစ်ပင်တဲ့
လောက်တဖွားဖွားနဲ့လေ။

ဘယ်မှာလဲ
ရွှေအသက်ရှူသံတွေ
တုံးလုံးပတ်ခေါက်လဲကျ
စကြ၀ဠာ လေးလံပိကျလာ
‘အက်စ်ကလေတာ’တွေမှာ
အစာအိမ်မရှိ
ငါတို့တွေမှာ ရှိခဲ့တယ်။

ကမ္ဘာမြေ ဟက်တက်ပွင့်
ကပ်သုံးပါး စတိုင်ပင်ရခဲ့
အသားတွေ
အဖတ်လိုက် အဖတ်လိုက် ကွာကျ
ငါးသည်မ ဗန်းထဲက ငါးပြေမတွေလို
ကြယ်တံခွန်တွေ
တဖျပ်ဖျပ်ထခုန်
နာဗ်ကြောနဲ့ သွေးသားတွေ
ဘယ်ကွန်ပျူတာမှာရှိခဲ့သလဲ
ငါတို့တွေမှာ ရှိခဲ့တယ်။

ဝတ်မှုန်ကူးကြ
အထူးဝတ်မှုန်ကူးကြ
အဲဒီပျစ်ပျစ်နှစ်နှစ်ညတွေနဲ့။

ဝတ်မှုန်ကူးကြ
အဲဒီအရှင်လတ်လတ်ကြီးနဲ့။

အထူးဝတ်မှုန်ကူးကြ
အဲဒီကောင်းကင်လှတဲ့နေ့တွေနဲ့။

ဝတ်မှုန်ကူးကြ
အဲဒီသွေးလေမြန်ဆန်တဲ့ မြို့ကြီးတွေနဲ့။

ဝတ်မှုန်ကူးကြ
အထူးဝတ်မှုန်ကူးကြ
လာခဲ့ပြီ
ကဖို့
မြို့ရွာတို့ ကဖို့လာခဲ့ကြပြီ။ ။

မောင်ချောနွယ်

မောင်ချောနွယ် ကဗျာများ

မောင်ချောနွယ်အတု (ကဗျာ)

မောင်ချောနွယ်အတု
မောင်ချောနွယ်

မောင်ချောနွယ်အတုက ပြောတယ်
သန်းလေးဆယ်အတွက်
ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ …
သူတစ်ပါးချမ်းသာရေးအတွက် ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ …
မျက်လှည့်ဆရာရဲ့ ‘ဘင်’ ကိုမှ ၀ယ်မယ်တဲ့
မောင်ချောနွယ်အတုကလေ …
တစ်ဖက်သားကို ဒုက္ခပေးပုံပေါ့
ခမျာမှာ ဒီဘင်လေးနဲ့ လူစုရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေလေရဲ့ …။

မောင်ချောနွယ်အတုက ပြောတယ်
အလမ္မာယ်ဆရာရဲ့ မြွေကိုဝယ်မယ်တဲ့
ဒီမြွေလေး ပြပြပြီးစားရတဲ့ တစ်ဖက်သားကိုမှလေ …။

မောင်ချောနွယ်အတုက ပြောတယ်
သူများတိုက်တဲ့ ရေခဲစိမ်ဘီယာကို
သူ့ခွက်ထဲ အရင်ထည့်ပေး
သူ့ကိုအရင်သောက်စေခြင်းနဲ့
မြှောက်စားရမယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
ငါတို့ဟာ
အေသင်မြို့သားတစ်ဦးလို တွေးခေါ်ရမယ်
ဆိုကရေးတီး မဟုတ်ခဲ့တာ
သေချာဖို့လိုတယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်ကနေ
ကမ္ဘာလောကကြီးကို ရှုမျှော်ကြည့်ရမယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
မက်ဒေါနားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
ဂေါ်ဘာချော့လည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လန်ဒန် ဒေါင်းနင်းသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
တောမရွာသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လူ့ဘ၀လောက် မှားယွင်းခွင့်ရှိတာ
ဘယ်ရှိမလဲတဲ့ …
လူညံ့ရွေးတဲ့နေရာမှာ တော်ရမယ်လို့
မောင်ချောနွယ်အတုက ပြောတယ်။

မောင်ချောနွယ်အတုဟာ
သူ့ဇနီးသည်
ညီမလေး မမမြင့်မှာ
(တကယ်တော့
ညီမလေးပါပဲ
သူ့ကို ကဗျာဆရာဖြစ်စေခဲ့သမို့
ညီမလေး မမမြင့်လို့
သူက ဂုဏ်ရည်မြှင့်ခေါ်ခဲ့တာပါ)
နှုတ်ခဲ့ရတဲ့ သွားတစ်ချောင်း
ပြန်စိုက်ပေးရဦးမယ်လို့
နေ့စဉ်နေ့စဉ် ထိသိနေရသူ
သတိတရ အားစိုက်နေရသူ
အချစ်ကို
သွားတစ်ချောင်းအပေါ် ပုံနေရသူမျှသာ
ဖြစ်လေရဲ့။

တကယ်တော့
မောင်ချောနွယ်အတုဟာ လူဖြစ်ပြီး
မောင်ချောနွယ်အစစ်ဟာ
လူမဟုတ်ဘူးလို့ မပြောလိုက်ကြပါနဲ့။ ။

မောင်ချောနွယ်




Thursday, August 28, 2008
သက်မဲ့သက်သေ (ကဗျာ)

သက်မဲ့သက်သေ
(သို့ … ဂျွန်)
မောင်ချောနွယ်

အသံတွေ ချေး(ဂျီး)တက်ခဲ့
တို့အသက်ရှူသံတွေ အငွေ့ပျံ
ကိုယ့်အသက်ကိုပဲ ခွက်နဲ့ ချင့်သောက်ရ
လေပျို့လေအန် လေဆန်နာနဲ့ ဆိုက်ကပ်ရ
ဆိပ်ကမ်းမရှိတဲ့ အရပ်မှာလေ
တို့ခန္ဓာကိုယ်တွေကို ကျုံ့ပြီးရင်း ကျုံ့ပေးရ
တို့ခန္ဓာကိုယ်တွေကို ကျစ်ပြီးရင်း ကျစ်ပေးရ
ဒါတွေကို မင်းမေ့ခဲ့လို့ပဲ ဂျွန်ရေ
မင်းဆီ ဒီစာသ၀ဏ် ပါးလိုက်ပါရဲ့။

သူငယ်ချင်း ဂျွန်ရေ …
သက်ငါးဆယ်လမ်းထိပ်မှာ
သိန်းငါးဆယ်ကို ခုထိုင်ပြီး
ပေါ့ပါးစွာ ငိုညည်းနိုင်သူရေ
မင်းကျန်းမာရေးကောင်းသွားအောင်ပေါ့
မာစီးဒီးကားကို စီးပါ
ဝါရှင်တန် ပန်းသီးကို စားပါ
ဘေဘာလီဟေးလ်မှာ အိမ်ဝယ်ပါ
ပြီးတော့ လမ်းကို မင်းနာမည်ပေးပါ
ဆင်သားရေနဲ့ ချုပ်ထားတဲ့ ဖိနပ်ကို စီးပါ
ဗန်ဂိုးနဲ့ ဂျွန်လင်နွန်ဆီ ဖုန်းဆက်ပါ
ဓားကို ဘေးမှာထားပြီး ဟိုးမားရဲ့ကဗျာကို ဖတ်ပါ
လတ်ဆတ်မှု အရှင်လတ်လတ်ကို ၀တ်ဆင်ပါ
ညကြီးတွေပေါ် လမ်းလျှောက်ပါ
ပြင်သစ်က ကက်ကိုဘိန်းရဲ့ ဂူမှာ
နှင်းဆီပန်းနဲ့ အရက်ပုလင်း လက်ဆောင်ပေးပါ
ဆူးတွေကို ဒဏ်ရာနဲ့ လိုက်ရှာပါ
ငါးဖမ်းလှေလေးပေါ်က တေးသံကို နားဆင်ပါ။

ဂျွန်ရေ …
ရပ်နေတဲ့ နာရီကြီးကို ကြည့်မနေပါနဲ့တော့
ဘေဘီကျူး မီးဖိုကြီးပေါ်မှာ
မင်းအသားတွေ မင်းကင်ပြီး
မြိန်ရေယှက်ရေ စားပါတော့ ။ ။

(ကျွန်ုပ်ချစ်သော ကဗျာပရိသတ်များ ဤကဗျာအား ကူးယူဖော်ပြ ရွတ်ဆိုနိုင်ပါကြောင်း …)

မောင်ချောနွယ်
၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၅ ရက်နေ့

ဤကဗျာနှင့် စပ်လျဉ်း၍ အမှတ်ရချက် ။ ။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် “ဤကဗျာအား ခွင့်မတောင်းဘဲ မည်သူမျှ ကူးယူဖော်ပြခွင့်မရှိ” ဟူသည့်သဘော အောက်ခြေမှတ်စုပါ ကဗျာဆရာ သုခမိန်လှိုင်၏ ကဗျာတစ် ပုဒ် ဖတ်ရှုခဲ့ရပါသည်။ ထို့နောက် နောက်လထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် ဆရာမောင်ချောနွယ်၏ ဤက ဗျာကို ဖတ်ရှုခဲ့ရခြင်းဖြစ်ပါသည်။ ဤကဗျာဖော်ပြပြီး နောက်တစ်လတွင် ကဗျာဆရာ အောင်ဝေး၏ “မူပိုင်-ခင်ဆွေရီ” ဆိုသည့် အောက်ခြေမှတ်စုပါ ကဗျာတစ်ပုဒ်ကို ဖတ်ရပြန်ပါသည်။ ဤကဗျာသုံးပုဒ် ဖတ်ပြီးနောက် သရော်စာ ရေးသားသူ စာရေးဆရာ ဂျက်ကွမ်းခြံကုန်းက ကျနော်၏ မြားနတ်မောင်မဂ္ဂဇင်းတွင် “စတန့်မင်း သားတွေလို ဒိုင်ဗင်ထိုးဖို့မလို” ဟူသည့် ခေါင်းစီးနှင့် သရော်စာတစ်ပုဒ် ရေးသားခဲ့သည်ကို အမှတ်ရနေမိပါ သည်။ ဆရာသုခမိန်လှိုင်နှင့် ဆရာအောင်ဝေးတို့၏ ကဗျာခေါင်းစီးများကို မမှတ်မိတော့ပါ။

ဒေါက်တာလွဏ်းဆွေ

မော်ချောနွယ် ကဗျာ

မောင်ချောနွယ်အတု (ကဗျာ)

မောင်ချောနွယ်အတု
မောင်ချောနွယ်

မောင်ချောနွယ်အတုက ပြောတယ်
သန်းလေးဆယ်အတွက်
ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ …
သူတစ်ပါးချမ်းသာရေးအတွက် ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ …
မျက်လှည့်ဆရာရဲ့ ‘ဘင်’ ကိုမှ ၀ယ်မယ်တဲ့
မောင်ချောနွယ်အတုကလေ …
တစ်ဖက်သားကို ဒုက္ခပေးပုံပေါ့
ခမျာမှာ ဒီဘင်လေးနဲ့ လူစုရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေလေရဲ့ …။

မောင်ချောနွယ်အတုက ပြောတယ်
အလမ္မာယ်ဆရာရဲ့ မြွေကိုဝယ်မယ်တဲ့
ဒီမြွေလေး ပြပြပြီးစားရတဲ့ တစ်ဖက်သားကိုမှလေ …။

မောင်ချောနွယ်အတုက ပြောတယ်
သူများတိုက်တဲ့ ရေခဲစိမ်ဘီယာကို
သူ့ခွက်ထဲ အရင်ထည့်ပေး
သူ့ကိုအရင်သောက်စေခြင်းနဲ့
မြှောက်စားရမယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
ငါတို့ဟာ
အေသင်မြို့သားတစ်ဦးလို တွေးခေါ်ရမယ်
ဆိုကရေးတီး မဟုတ်ခဲ့တာ
သေချာဖို့လိုတယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်ကနေ
ကမ္ဘာလောကကြီးကို ရှုမျှော်ကြည့်ရမယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
မက်ဒေါနားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
ဂေါ်ဘာချော့လည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လန်ဒန် ဒေါင်းနင်းသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
တောမရွာသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လူ့ဘ၀လောက် မှားယွင်းခွင့်ရှိတာ
ဘယ်ရှိမလဲတဲ့ …
လူညံ့ရွေးတဲ့နေရာမှာ တော်ရမယ်လို့
မောင်ချောနွယ်အတုက ပြောတယ်။

မောင်ချောနွယ်အတုဟာ
သူ့ဇနီးသည်
ညီမလေး မမမြင့်မှာ
(တကယ်တော့
ညီမလေးပါပဲ
သူ့ကို ကဗျာဆရာဖြစ်စေခဲ့သမို့
ညီမလေး မမမြင့်လို့
သူက ဂုဏ်ရည်မြှင့်ခေါ်ခဲ့တာပါ)
နှုတ်ခဲ့ရတဲ့ သွားတစ်ချောင်း
ပြန်စိုက်ပေးရဦးမယ်လို့
နေ့စဉ်နေ့စဉ် ထိသိနေရသူ
သတိတရ အားစိုက်နေရသူ
အချစ်ကို
သွားတစ်ချောင်းအပေါ် ပုံနေရသူမျှသာ
ဖြစ်လေရဲ့။

တကယ်တော့
မောင်ချောနွယ်အတုဟာ လူဖြစ်ပြီး
မောင်ချောနွယ်အစစ်ဟာ
လူမဟုတ်ဘူးလို့ မပြောလိုက်ကြပါနဲ့။ ။

မောင်ချောနွယ်

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Posted by ဒေါက်တာလွဏ်းဆွေ at 1:12 PM 0 comments

Labels: မောင်ချောနွယ်ကဗျာ

Thursday, August 28, 2008
သက်မဲ့သက်သေ (ကဗျာ)

သက်မဲ့သက်သေ
(သို့ … ဂျွန်)
မောင်ချောနွယ်

အသံတွေ ချေး(ဂျီး)တက်ခဲ့
တို့အသက်ရှူသံတွေ အငွေ့ပျံ
ကိုယ့်အသက်ကိုပဲ ခွက်နဲ့ ချင့်သောက်ရ
လေပျို့လေအန် လေဆန်နာနဲ့ ဆိုက်ကပ်ရ
ဆိပ်ကမ်းမရှိတဲ့ အရပ်မှာလေ
တို့ခန္ဓာကိုယ်တွေကို ကျုံ့ပြီးရင်း ကျုံ့ပေးရ
တို့ခန္ဓာကိုယ်တွေကို ကျစ်ပြီးရင်း ကျစ်ပေးရ
ဒါတွေကို မင်းမေ့ခဲ့လို့ပဲ ဂျွန်ရေ
မင်းဆီ ဒီစာသ၀ဏ် ပါးလိုက်ပါရဲ့။

သူငယ်ချင်း ဂျွန်ရေ …
သက်ငါးဆယ်လမ်းထိပ်မှာ
သိန်းငါးဆယ်ကို ခုထိုင်ပြီး
ပေါ့ပါးစွာ ငိုညည်းနိုင်သူရေ
မင်းကျန်းမာရေးကောင်းသွားအောင်ပေါ့
မာစီးဒီးကားကို စီးပါ
ဝါရှင်တန် ပန်းသီးကို စားပါ
ဘေဘာလီဟေးလ်မှာ အိမ်ဝယ်ပါ
ပြီးတော့ လမ်းကို မင်းနာမည်ပေးပါ
ဆင်သားရေနဲ့ ချုပ်ထားတဲ့ ဖိနပ်ကို စီးပါ
ဗန်ဂိုးနဲ့ ဂျွန်လင်နွန်ဆီ ဖုန်းဆက်ပါ
ဓားကို ဘေးမှာထားပြီး ဟိုးမားရဲ့ကဗျာကို ဖတ်ပါ
လတ်ဆတ်မှု အရှင်လတ်လတ်ကို ၀တ်ဆင်ပါ
ညကြီးတွေပေါ် လမ်းလျှောက်ပါ
ပြင်သစ်က ကက်ကိုဘိန်းရဲ့ ဂူမှာ
နှင်းဆီပန်းနဲ့ အရက်ပုလင်း လက်ဆောင်ပေးပါ
ဆူးတွေကို ဒဏ်ရာနဲ့ လိုက်ရှာပါ
ငါးဖမ်းလှေလေးပေါ်က တေးသံကို နားဆင်ပါ။

ဂျွန်ရေ …
ရပ်နေတဲ့ နာရီကြီးကို ကြည့်မနေပါနဲ့တော့
ဘေဘီကျူး မီးဖိုကြီးပေါ်မှာ
မင်းအသားတွေ မင်းကင်ပြီး
မြိန်ရေယှက်ရေ စားပါတော့ ။ ။

(ကျွန်ုပ်ချစ်သော ကဗျာပရိသတ်များ ဤကဗျာအား ကူးယူဖော်ပြ ရွတ်ဆိုနိုင်ပါကြောင်း …)

မောင်ချောနွယ်
၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၅ ရက်နေ့

ဤကဗျာနှင့် စပ်လျဉ်း၍ အမှတ်ရချက် ။ ။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် “ဤကဗျာအား ခွင့်မတောင်းဘဲ မည်သူမျှ ကူးယူဖော်ပြခွင့်မရှိ” ဟူသည့်သဘော အောက်ခြေမှတ်စုပါ ကဗျာဆရာ သုခမိန်လှိုင်၏ ကဗျာတစ် ပုဒ် ဖတ်ရှုခဲ့ရပါသည်။ ထို့နောက် နောက်လထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတွင် ဆရာမောင်ချောနွယ်၏ ဤက ဗျာကို ဖတ်ရှုခဲ့ရခြင်းဖြစ်ပါသည်။ ဤကဗျာဖော်ပြပြီး နောက်တစ်လတွင် ကဗျာဆရာ အောင်ဝေး၏ “မူပိုင်-ခင်ဆွေရီ” ဆိုသည့် အောက်ခြေမှတ်စုပါ ကဗျာတစ်ပုဒ်ကို ဖတ်ရပြန်ပါသည်။ ဤကဗျာသုံးပုဒ် ဖတ်ပြီးနောက် သရော်စာ ရေးသားသူ စာရေးဆရာ ဂျက်ကွမ်းခြံကုန်းက ကျနော်၏ မြားနတ်မောင်မဂ္ဂဇင်းတွင် “စတန့်မင်း သားတွေလို ဒိုင်ဗင်ထိုးဖို့မလို” ဟူသည့် ခေါင်းစီးနှင့် သရော်စာတစ်ပုဒ် ရေးသားခဲ့သည်ကို အမှတ်ရနေမိပါ သည်။ ဆရာသုခမိန်လှိုင်နှင့် ဆရာအောင်ဝေးတို့၏ ကဗျာခေါင်းစီးများကို မမှတ်မိတော့ပါ။

ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Posted by ဒေါက်တာလွဏ်းဆွေ at 2:05 PM 0 comments

Labels: မောင်ချောနွယ်ကဗျာ

Wednesday, August 27, 2008
အငွေ့ပျံနေ့ရက်များ (ကဗျာ)

အငွေ့ပျံနေ့ရက်များ
မောင်ချောနွယ်

အာခိမိဒိသီအိုရီဟာ
သွားတစ်ချောင်းအဖြစ် ရောက်ရှိလာတယ်။

ရေချိန်လွတ်နေတဲ့ စားပွဲခုံတစ်ခုံ ခုန်လို့။

အလွန်တရာ အရသာရှိခဲ့တာက
မျှော်လင့်နေရတာ မှန်သမျှပေါ့။

ချစ်လှစွာသော လောကဓံတရားရေ …
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုဘဲ ချစ်နေရပါတယ်။

အသက်ရှူသံတွေထဲမှာ ပန်းပွင့်တွေရှိတယ်
အသက်ရှူသံဟာ ပန်းပွင့်ဖြစ်တယ်။

ဆူးရှိ
အရသာချဉ်စူးစူး
အစေးလည်းထွက်
ကျီးပေါင်းတက်နေတဲ့ အိပ်မက်တစ်ခု
အသက်ရှူသံ ပန်းပွင့်ထဲမှာ ရှိနေလေရဲ့။ ။

မောင်ချောနွယ်

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Posted by ဒေါက်တာလွဏ်းဆွေ at 1:42 PM 0 comments

Labels: မောင်ချောနွယ်ကဗျာ

မောင်ချောနွယ် ကဗျာများ

Tuesday, September 2, 2008
သစ္စာပန်းများနဲ့ မေလ (ကဗျာ)

သစ္စာပန်းများနဲ့ မေလ
မောင်ချောနွယ်

တစ်ဘ၀ ကဗျာဆရာ
မဟုတ်ခဲ့တာ သေချာပြီ။
ဘာတစ်ခုမှ မရှိတော့တဲ့ မေလမှာ
နောက်ထပ် ဘာမဆို ပေးလိုက်ရပြန်တဲ့ မေလမှာ
အဆင်မပြေမှုတွေ
အစီအစဉ်ကျနလွန်းတဲ့ မေလမှာ
အလကားရတဲ့ ညနေခင်းကတောင်
မထေမဲ့မြင်ပြုခံရတဲ့ မေလမှာ
ဒုက္ခတွေ အဆုပ်လိုက် အဆုပ်လိုက်
ပွင့်အားကောင်းတဲ့ မေလမှာ
အားကြီးဖုန်ထတဲ့ လေပူထဲ
အနှံ့ပြားစီပွချင်တိုင်း ပွနေ လွင့်နေတဲ့
လဲမှို့တွေလို မေလမှာ
အဆုပ်ပွပွ ညတွေရသူ မေလမှာ
သလိပ်ဖတ်လို
လမင်းကြီးကို မြင်မိသူ မေလမှာ
အပ်တစ်ဖျားထောက်စရာ မလပ်အောင်ဘဲ
ဒဏ်ရာအပြည့်ခန္ဓာနဲ့ မေလမှာ
မေလပေါင်းများစွာ ပြန်လည်စုစည်းမိသူ မေလမှာ
အချိန်မှန်အတွင်း
လူနာအဖြစ် တင်ပို့ခံရသူ မေလမှာ
အပ်ဖျားတစ်ခုပေါ် ရောက်ခဲ့ပေမယ့်လည်း
ပြန်လည်ကျန်းမာခွင့်မရှိတော့တဲ့ မေလမှာ
အသက်ရှင်တစ်ချက် မရှင်တစ်ချက် မေလမှာ
မေလက မေလကို
အသေသာ ပြန်ရလိုက်တဲ့ မေလမှာပေါ့။
ချော်ရည်ပူ ကျိချွဲချွဲ နေ့လည်စာတွေ
ငါးမန်းတောင် ဆူးကြမ်းပြင်တွေ
ဆာတေးရီးယန်း မြက်ပင်ရှည်လက်တွေ
လူအဖြစ် သရုပ်ဆောင်ရသူ မေလ
လောကဘရိတ်သွားပေါ်
တွားသွားသတ္တ၀ါဖြစ်ရသူ မေလ
တစ်နေ့ထဲ
သင်္ဘောအကြိမ်တစ်ရာ မှောက်ရတဲ့ မေလ
တောအလှူတစ်ခုမှာ
လူချင်းတိုက်မိလို့
မတော်တဆ ပန်းကန်ထဲ ဖိတ်ကျတဲ့
အသားတုံး အကျလေးတောင်မှ မစားရသူ မေလ
မနက်လင်းရင်
ကိုယ့်အသုဘကိုချပြီး
မြို့ကြီးထဲ ထွက်ခွာသွားသူ မေလ
သူတစ်ပါးရဲ့ အသုဘမှာ
အငှားလိုက်ငိုရတဲ့ ငိုချင်းသည်မ မေလ
သူ့ကလေးတွေကို မုန့်ဝယ်မကျွေးနိုင်လို့
သူ့လက်မောင်းသွေးတွေ ဖောက်တိုက်ရရှာသူ မေလ
နေ့ပြန်တိုးတွေ ၀က်အူစုပ်ခံရသူ မေလ
ဘ၀ရဲ့ ဘက်ထရီအိုးတွေ
တော်တော်များများ ဖျက်ဆီးခံရသူ မေလ
အင်မတန် အကြွေရဲတဲ့ ငုပင်တွေအပေါ်
သူ့အသက်ရှူငွေ့ကလေး
သွားတင်ထားမိတဲ့ မေလပေါ့။

မေလထဲကနေ
အသည်းနှလုံးကို ဆတ်ကနဲ ဆွဲထုတ်ပြီး
ဖဲသမားတစ်ယောက် ဖဲချပ်ကိုဆွဲထုတ်
လက်ဝါးထဲထည့်
ဖျန်းခနဲ ရိုက်ချလိုက်သလိုမျိုး
ရိုက်ချကြည့်လိုက်တဲ့အခါ
မေလရာသီဟန်ဆောင်နေတဲ့ မေလကိုသာ
တွေ့ရတဲ့ မေလပေါ့၊
ဖြူတစ်ကောင်လို ခါချလိုက်လို့
ဖြူဆူးတွေ အကုန်ကွာကျသွားမယ့်
ဖြူဘ၀ရောက်ပြီ။

မေလရာ
ခါချလိုက်ပါဆိုရင်တောင်
အကြိမ် ၂ သိန်း ၄ သောင်းခါမှ
တစ်ကြိမ်သာ သူ့ဒုက္ခဖြူဆူးများ ကွာကျနိုင်မယ့် မေလပေါ့။ ။

မောင်ချောနွယ်

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Posted by ဒေါက်တာလွဏ်းဆွေ at 1:51 PM 0 comments

Labels: မောင်ချောနွယ်ကဗျာ

Monday, September 1, 2008
မောင်ချောနွယ်ဆန်သွားသောနေ့များ (ကဗျာ)

မောင်ချောနွယ်ဆန်သွားသောနေ့များ
မောင်ချောနွယ်

အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းတွေဆိုခဲ့ပါတယ်။
ထောင့်ချိုးများလင်းဖို့ ဆုတောင်းရင်း
မျဉ်းဖြောင့်တစ်ကြောင်းလို နေခဲ့တယ်။

အပင်ကိုချစ်လို့
အမြစ်ကို ရေစင်လောင်းရင်း
အကြမ်းဆုံးမြစ်ကို ဆန်ခဲ့တယ်။

အလိုလိုကြွေကျတဲ့ သစ်သီးများသာ စားသုံးရင်း
ဟောဒီကမ္ဘာလောကရဲ့ ချောင်လေးတစ်ခုမှာ
အရေးမပါတဲ့ ငှက်ကလေးတစ်ကောင်လို
ငါ့အနုပညာနဲ့သာ ငါနေထိုင်ရင်း
အလင်းဓာတ်ကို မြတ်နိုးခဲ့ပါတယ်။

ရေဆူအမှတ်မှာ မီးခိုးအူအူနဲ့ ဆန်တက်မြဲ
ဘယ်လက်ဝှေ့ပွဲမှ မထိုးခဲ့ပါ။
ဘယ်ပြေးပွဲပြိုင်ပွဲမှလည်း မပါဝင်ခဲ့ပါ။

ခု အသက် ၅၃ နှစ်ထဲ ရောက်ချေပေါ့
နာတာရှည်ရောဂါနဲ့
သူများလက်ဆောင်ပေးတဲ့ ပန်းသီးလေး
ခွဲမစားဖြစ်သေးပါ။ ။

မောင်ချောနွယ်

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Posted by ဒေါက်တာလွဏ်းဆွေ at 12:12 PM 0 comments

Labels: မောင်ချောနွယ်ကဗျာ

Sunday, August 31, 2008
ညီမလေး မမမြင့် (ကဗျာ)

ညီမလေး မမမြင့်
မောင်ချောနွယ်

(က)

မြောက်ကျွန်းသူ အတုလကာရီရဲ့
တစ်စလည်ဝင် ထမင်းအိုးလေးဟာ
ရဟန္တာ အပါး ၅၀၀ ကို
ဆွမ်းကပ်လှူနိုင်သတဲ့ကွ …။

ညီမလေး မမမြင့်ရဲ့
ရွှေသားသံယောဇဉ်ကလည်း
ကိုယ့်ဘ၀တစ်ခုလုံးကို
ကျန်းမာဝေဆာအောင်
ကဗျာဆရာဖြစ်အောင်
ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။

ညီမလေး မမမြင့်ရေ …
မမြဲတဲ့ အနိစ္စတရားက မြဲလွန်း
တို့တွေ မောင်နှမလို နေကြမယ်ကွယ်။

သူငယ်ချင်း သုခမိန်ရေ …
မင်းက ပဏ္ဍိတလမ်းမှာ နေတယ်
မင်းက သုခမိန်လမ်းမှာ နေတယ်ဆိုတော့
ငါ့အတွက် အင်နာဗွန်စီရယ်
အသည်းဆေး လစ်ဗိုလင်ရယ်ဝယ်ဖို့
မြန်မာငွေကျပ်တစ်သောင်း အမြန်ပေးပါကွယ် …။

ညီလေး မောင်ပြည့်မင်းရေ …
မင်းရဲ့ နောက်ဆုံးဒြပ်စင်ထဲက ဇာတ်လိုက်ဟာ ငါပေါ့ကွာ
နောက်ဆုံးလက်ကျန် အရက်တစ်ခွက်ကို ငြင်းဆို
သီချင်းဆိုပြီး ပြန်ခဲ့တယ်
မင်းဟာ နာမည်နဲ့လိုက်အောင် ပြည့်ပြီး
နာမည်နဲ့လိုက်အောင် ပြည့်သူပါကွာ
အခုတော့ ဥက္ကလာဟိုးမားမှာနော်။

ငွေကြာယံက ဇိမ်ခံတိုက်ကြီးနဲ့
သူငယ်ချင်း ကိုကျော်လှိုင်ရေ …
ကဗျာအင်ဂျင်နီယာရင်းမှာ
ခင်ဗျားက
ကမ္ဘာခြားရဲ့ အသင်းဝင်တစ်ဦးပါ။

ငါ့တူလေး လူဆန်းရေ …
မင်းကတော့
မော်တော်ဆိုင်ကယ်လေးတစ်စီး စုန်ဆန်လို့
ပဲခူးနဲ့ ပုဂံ စုန်ချည်ဆန်ချည်
ဗျတ္တရဲ့ ပန်းဆက်လမ်းမှာ
မင်းပန်းတွေ ဘာတွေဆက်ခဲ့ရဲ့လား
Mount ပုပ္ပါးရဲ့ နေ၀င်ချိန်တွေ
သိပ်လှတာပဲကွယ်။

တောင်ဆီမှာ မိုးတွေညို့ရင်
မောင်ဖီလာရယ် ငါ့ကို ပဲခူးကို ပို့ပါကွယ်
ရေထဲမြို့ကလေးက ညီလေး မောင်သက်ငြိမ်ရယ်
မင်းရဲ့ ကရင်ရွာက ဘုရားကျောင်းမှာ
ခေါင်းလောင်းသံလည်း မကြားရကြာပြီ
မင်းညီမလေးနဲ့ သမီးလေးကော နေကောင်းရဲ့လားကွာ
သော်ကဘုရားကြီးလည်း ဖူးချင်တယ်
ဝါခယ်မဘုရာကြီးနဲ့ ပြန်မလော့မြစ်မှာလည်း ရေချိုးချင်တယ်
လမုသီးလေးနဲ့ တောအရက်လေးကိုလည်း ဆန္ဒပြင်းပြင်းရှိတယ်
ပြန်မလော့မြစ်ရဲ့ နေ၀င်ချိန်လေးကို ရှူစားချင်တယ်
ယောင်္ကျားချင်းအချစ်နဲ့
ယောင်္ကျားချင်းအချစ် ရှိခဲ့တယ်ဆိုရင်
အဲဒီဗိုင်းရပ်စ်ပိုးကို ငါအရင်တွေ့ရှိခဲ့တာပါကွယ်။

မုံရွာက တင်ကိုကိုရေ
မင်းအရင်လိုအချစ်တွေ ငါ့အပေါ်ရှိသေးရဲ့လား
ငါလာခဲ့မယ်ကွယ်။

မုံရွာက အညာသားလေး မင်းဆွေနှစ်ရေ
မင်းရဲ့ စူပါရုဖ်ကားလေးနဲ့ ငါ့ကို
မုံရွေးကြေးမုံကို ပို့ပါကွယ်
အဲဒီမှာ ဆရာကြီးမှိုင်းရဲ့ တော်လှန်ကဗျာတွေ ရှိတယ်ကွဲ့
တော်လှန်ကဗျာဆရာကြီး
တော်လှန်သောကဗျာတွေ အပွင့်ဆန်း
ချောင်းနံဘေးမှာ အောင်ချမ်းသာ ဇီးသီးလေး ဘာလေး စားရင်း
သူများမကောင်းကြောင်း ကိုယ့်မကောင်းကြောင်း
ကမ္ဘာကြီးမကောင်းကြောင်းတွေ ပြောကြတာပေါ့ကွာ။

အနီးစခန်းက ညီလေး မြတ်ပေါ်ဦးရေ
မင်းရဲ့ ဂန္ဓာမာပန်းခြံထဲမှာ ဂစ်တာတစ်လုံးနဲ့
မာယာကော့စကီရဲ့ ကဗျာတွေရွတ်ရင်း
ကဗျာဆရာတွေ ကွယ်လွန်ရင်
ကဗျာနဲ့ သရဏဂုံတင်ရတယ်ဆိုတာ
ငါပြောခဲ့တယ်လေ
မင်းကောင်းကောင်း မှတ်မိမှာပါ။

ဒုဋ္ဌ၀တီမြစ်ကမ်းနံဘေးက
ကြွက်နဖားတောင်ကြီးရဲ့ နေ၀င်ချိန်က သိပ်လှတာပဲကွယ်
ကင်မရာမင်းလေး မောင်စိုးရဲ့
ကြွက်နဖားတောင်ကြီးရဲ့ နေ၀င်ချိန်တွေကို
မင်းရဲ့ အလှဆုံးရိုက်ချက်နဲ့ ရိုက်ခဲ့တယ်နော်
ငါကောင်းကောင်း မှတ်မိပါတယ်
နေ၀င်ချိန်တိမ်တောက်လို့
ပျိုကြောက်ပါတဲ့ ဒီအချိန်ဆိုသီကာ
လှည်းယာဉ်ကြော့လေးမောင်းလို့
တောသူမလေးရဲ့ ရင်သိမ့်တုန်သံမှာ
တို့ရဲ့ သောတာရုံမှာ
လွတ်လပ်ငြိမ်းချမ်းစေခဲ့တယ်နော်။

ကိုသန်းထွန်း(မုံရွာ) မီးရထားလမ်းနံဘေးက
လက်ဖက်ဆိုင် ကဖေးဆိုင်လေးမှာ
ရဲခဲ့ဘိ အစဉ်အလာနဲ့ အလံလွှင့်ထူ
ခင်ဗျားလက်နက်မချသေးဘူး မဟုတ်လား
ကျုပ်ဂုဏ်ယူတာ
ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ
ငုယင်ဗန်ထရွိုင်း
အတိုင်းမသိတဲ့ တိုက်ပွဲမှာ ခင်ဗျားပါဝင်ခဲ့တယ်နော်
ဗိုလ်အောင်ကျော်
အို … ဟယ်ရီတန်
စီးအန်ပွက်ပွက်
သင့်သွေးစက်သည်
ခေတ်သစ်ဆီကို ရော်ရည်နိုင်စေသတည်း။

မီးလိုပူကြွ ငါ့ရင်ဝက
တသခဲ့တဲ့ ကဗျာ
အို … ချိုးဖြူရယ် ကူပါ့သံတွေ
လူ့မြေလှပစေလော့
ငါ့ရင်ဝက တသခဲ့တဲ့ ကဗျာ
အော့ဇ၀စ်အကျဉ်းစခန်းက
ညီသူငယ်ချင်း တင်အေးကြူ (မောင်မှိုင်းလွင်)ရေ
ခင်ဗျားရဲ့ ချစ်သူ ညီမလေး ခင်မိုးကျော်
ရွက်ကြွေတောအုပ်နဲ့
မိချောင်းရဲ သုဿာန်လေးက စောင့်နေတယ်လေ
ခင်ဗျား လွမ်းသူ့ပန်းခွေချဖို့ ပြည်ကို လာခဲ့ပါဦး
နှလုံးသားနဲ့ တည်ဆောက်ခဲ့ရတာက
ခေတ်ရယ် ကမ္ဘာကြီးရယ်ပါ
ဒါပေမယ့်
ကမ္ဘာကြီးက ပြားပါတယ်ဗျာ။

ပင်လယ်ရေပြင် အမြင့်ပေ သုံးသောင်းကျော်က
ညီလေး မူးမူးရယ်
မင်း အနုပညာမှော်တွေ အောင်ခဲ့ပြီကွာ
မင်း ပထမကျော်တွေလည်း ရခဲ့ပြီကွယ်
သူငယ်ချင်း မင်းသစ်ရယ် ရှယ်လီထွားရယ်
ကျနော်တို့တတွေ ဂစ်တာလေးတစ်လုံးနဲ့
ကျနော်တို့တွေ ဂစ်တာတီး တေးဆိုကြမယ်ဗျာ
ဤအိမ်တော်မှာ ကောင်းခြင်းမင်္ဂလာ ပြည့်စေသတည်း
ဤအိမ်တော်မှာ ငြိမ်သက်ခြင်းလည်း ရှိပါစေပေါ့
ပျော်ရွှင်ခြင်းလည်း ရှိပါစေပေါ့။

တောင်သမန်အင်းက လေညင်းရယ်က ဆော်
အစ်ကိုကြီး ကိုလေး (အင်းဝဂုဏ်ရည်) ရယ်
မောင်ပေါက်စည် (မန်းတက္ကသိုလ်) ရယ်
အိုင်ဗင်နော့ရယ်
ကျနော်တို့တတွေ တောင်သမန်အင်းမှာ
ငါးကြော်နဲ့ ထမင်းစားကြမယ်
ပြီးရင်
ဟောဒီလို တေးသီကြမယ်ဗျာ
“ငါသည် မှန်သော စပျစ်နွယ်ပင်ဖြစ်သည်
ငါ့ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်ဖူးပြီး
အသီးမသီးသော အခက်ရှိသမျှ ခုတ်မည်တည်း
အသီးသီးသော အခက်တို့သာ တည်စေသော်မူသတည်း”
သုံးကြိမ်သုံးခါ ဆိုပြီးသကာလ
ငါးကြော်နဲ့ အင်းဘေးမှာ
ထမင်းကြော် လွေးကြတာပေါ့ဗျာ။

သူငယ်ချင်း သုခမိန်ရေ
သီချင်းရဲ့ လပေါ်က ဘီယာဆိုင်ကို သွားကြမယ်
အဲဒီမှာ
တောအရက် ငါးပုလင်း
တောဆိတ်သား ငါးကောင်
ငါးကင်၊ ဒိန်ခဲ၊ ကြက်ကင်နဲ့
ကဗျာတွေ ရွတ်ဖတ်သရဇ္ဈာယ်ကြမယ်
ပျော်တယ်ဗျာ
ညီမလေး မမမြင့်ရယ် မောင်နှမလို နေကြမယ်ကွယ်
ခေါ်မယ်နော်
အစ်ကိုနဲ့ အစ်မတွေကို ခေါ်မယ်
ညီနဲ့ ညီမတွေကို ခေါ်မယ်
အားလုံးပဲ ပျော်ကြမယ်
ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးပွဲတော်
အစ်ကိုတို့ရေ အရပ်ကတို့ရေ
ဘုရားဒကာပါဘုရား
သနားမညှာတာ မလုပ်လိုက်ပါနဲ့
ဘုရားဒကာပါဘုရား
ဒုက္ခိတနဲ့ နာတာရှည်ပါဘုရား
သနားမညှာတာ မလုပ်လိုက်ပါနဲ့
တောင်စွယ်နေကွယ်ရင်ကွယ်
ရွှေဓားဆွဲကာ သတ်မယ်တဲ့
တကယ်ပါပဲဗျာ
လူ့ဘ၀ကြီး အကြီးအကျယ် မုန်းစရာ
ကျုပ်ဖြင့် အလွန်မုန်းသဗျာ
အာဂျန်းဆိုတဲ့ သွားအဖွေးသားနဲ့
ငါ့ကလေးလေးရေ
မင်းဟာလေ နတ်သားလေးပါပဲကွယ်
ညီမလေး မမမြင့်ရေ
မမြဲတဲ့ အနိစ္စတရားက မြဲလွန်း
တို့တွေ ရှူံးလွန်းလှတယ်ကွယ်
ညီမလေး မမမြင့်ရေ
လေးစားပါတယ် ဂုဏ်ယူပါတယ်။

(ခ)

ငါဖွဲ့ဆိုစပ်သီတဲ့ ကဗျာလေးတွေသာ သီဆိုပါ
သုခစာပေတိုက်က ညီလေး မောင်သီဟရေ
မင်းဟာ ကေသရာဇာပါ
ငါ့ကဗျာလေးတွေကို မျှဝေခံစားကြပါ
မြို့သစ်က တိုးနှောင်မိုးလေးရယ်
မောင်စွမ်းသာ
ကောင်းဟန်
မိုးသောက်ကြယ်ရယ်
ငါတို့တွေ အိမ်ရှေ့မင်းထန်းတောမှာ
ဗယာကြော် စားသုံးရင်း ဘေးဘယာတွေ ကျော်ရမှာပေါ့
နာကျင်တာ ဒဏ်ရာပေါ့
ဒဏ်ရာဆိုတာ ကဗျာ
ဒဏ်ရာဆိုတာ သစ္စာတရား
ဒဏ်ရာဆိုတာ ချစ်ခြင်းမေတ္တာ
လောကကြီးကိုတော့
ဥပေက္ခာရေပိုင်နက်ထဲမှာ
ငါးမန်းစာကျွေးတာပေါ့
အ၀ိဇ္စာဆိုတာ အင်မတန် ခွန်အားရှိလေရဲ့
သူတို့တတွေ ဆာလောင်နေကြပြီ။

ပဲခူးမြရေ
မြကလေးရဲ့
ရှိုးပြပြတယ်လို့ မဖြစ်ချေဘူး
ပျိုးချသမျှဟာလည်း
ပိုးကျလို့နေချေပေါ့
ကဗျာဆရာ ဒီလန်သောမတ်တို့
ကန်မ်တာကလော့တို့
ဆယ်ဗယ်ယာပလပ်တို့
တက်ဒ်ဟုခ်ျတို့
ရှေးမတ်စ်ဟေနီတို့
အော်ဒင်တို့
မင်းတို့ကလည်းကွာ
ယောင်္ကျားဧကန်စစ်စစ် ဖြစ်လျက်သားနဲ့
ဖင်လေးရတယ်
ဂျွန်အံဒင်းဗားရေ
မင်းရဲ့ ချစ်သောမြစ်ကြီးရော
ကျန်းကျန်းမာမာပဲ မဟုတ်လား
ငါကတော့ ဆီမီးခွက်လောက်ရှိတဲ့
တိုင်းငယ်ကလေးက ကဗျာဆရာပါ
သူရသတ္တိ ကြီးမားလှစွာ
နေပူလေပူမှာ ခြေပူခံရင်း
အထူးထူး ဆန်းပြားသော ကဗျာတွေ စပ်လို့ပေါ့
ဗင်းနစ်မြို့သား ကုန်သည်ကြီးရေ
မင်းနဲ့ငါ ပြဇာတ်သွားကြည့်ကြတာပေါ့။

ပျဉ်းမနားသား ကဗျာဆရာလေး ကိုသက်ရေ
ဝီလျံလင်းရေ
ကဗျာတွေ စာတွေဖတ်ဖို့
ကျုပ် ပြည်ကိုလာဦးမယ်
ကျနော့်ကို နှစ်အစိတ်လောက်
ထောက်ပံ့ခဲ့တဲ့ ခင်ဗျားကို
ကျုပ်ရဲ့ မြကျွန်းတက္ကသီလာကြီးလည်း
နှစ်ရှစ်ဆယ် အရွယ်ရောက်ခဲ့ပါပြီဗျာ။

ညီမလေး မမမြင့်ရေ
မောင်နှမလို နေကြမယ်
အနုပညာငှက်ကလေး ပျံတော့မယ်
မပျံနိုင်သေး ညီမလေး
ညီမလေးရယ်
တောပွဲလေးမှာ ဆွေးရဦးမယ်
ရှင်ဥတ္တမကျော် ရွှေစက်တော်တောလား
ရတုဘုရင် နတ်သျှင်နောင် ပြည်န၀ဒေး
နှမလက်လျှော့
နေလေတော့ဟု
ချစ်ခွင့်မကြုံ
ညှိုးငယ်ရုံမျှ
‘ငှက်သွင်ပျံကြွ မတတ်သော်’တဲ့
မပြန်နိုင်သေး
ညီမလေးရယ်
မပြန်နိုင်သေး
တောပွဲလေးမှာ
ဆွေးရဦးမယ်ကွယ်
ပလိပ်မြို့ မြွေဘုရားပွဲမှာ
(မြိတ်)ဘိတ်မြို့ ညီငယ်ကဗျာဆရာလေး
ရဲဘုန်းခေါင်ရေ
မင်းကတော့ ဘိတ်အကျဆုံး
မကြာမတင်မှာတော့
မကြာခင်မှာတော့
မင်းရဲ့ မင်္ဂလာဖိတ်စာရယ်
ငါဖတ်ရမှာပါကွာ။

သားလေးကို အားပေးပါဦးကွယ်
ကန့်လန်ကာကြီးရယ် နေပါဦး
ကလို့ကောင်းနေတုန်း
ရွာစာကြီးရယ် တီးလိုက်ပါဦး
ဆိုလို့ကောင်းနေတုန်
မိုးမိုးချစ်လို့လား
မိုးမိုးလှလို့လား
ညီလေးမိုး ကျန်းမာပါစေ
မေတ္တာဖြင့် မောင်ချောနွယ်

အေးကွာ မင်းတို့ညီအစ်ကိုနဲ့ အေးစေတီဘုရားပွဲမှာ ကခဲ့တာတွေရော၊ ရွှေစည်းခုံဘုရားပွဲမှာ ကခဲ့တာတွေရော ပြန်လည်လွမ်းမောမိပါတယ်။ မင်းတို့လည်း ကောင်းခဲ့ပါတယ်။ ငါလည်း ကောင်းခဲ့ပါတယ်။ ခုဆို ကွဲကွာနေရတာလည်း ကြာလှပြီပေါ့နော်။ ချစ်ခြင်းမေတ္တာတွေ စီးလျက်သာတည်းပါကွာ။ တေးသီငှက်တွေ သီမြဲပါကွယ်။ ပန်းသစ်လေးတွေ သစ်မြဲပါကွယ်။ ပန်းဆိုတာ ကြွေတာကိုက ပွင့်ခြင်းပါ။ One flower flow down flower blossom ပေါ့လေ။ ပန်းတွေ ပန်းတွေ အရမ်း အရမ်းပဲ ပွင့်နေကြတယ် ညီမလေး မမမြင့်ရယ်။ အိမ်မှာ ကျောင်းမှာ လမ်းမှာ ညီမလေး နာမည်နဲ့ အရမ်း အရမ်းကို ပွင့်နေကြတယ်ကွယ်။ ကိုယ့်အသည်းကို အာထရာဆောင်း ရိုက်ကြည့်တော့ ပန်းပွင့်လေးနာမည်က ညီမလေး မမမြင့်တဲ့ …။

မောင်ချောနွယ်
(ခေတ္တ - စိတ္တဇဆေးရုံ)

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Posted by ဒေါက်တာလွဏ်းဆွေ at 11:24 AM 0 comments

Labels: မောင်ချောနွယ်ကဗျာ